All Articles

Article Image

Announcement

SkillFusion Website ကို အသုံးပြုနေကြတဲ့ အသုံးပြုသူများနှင့် ကျောင်းသား/ကျောင်းသူများ အတွက်၊ ကျွန်ုပ်တို့ဟာ Gemini AI ကို အသုံးပြုထားတဲ့ Ai Assignment Checking System ကို စမ်းသပ်နေပါတယ်။ ဒီအပတ်အတွင်းမှာ ကျောင်းသား/ကျောင်းသူတွေ ပေးပို့လိုက်တဲ့ Assignment တွေအပေါ် ချက်ချင်းပြန်လည်အကြံပြုချက်တွေ ရရှိစေရေးမှာ ဒီစနစ်က ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုတာ စမ်းသပ်ကြည့်ဖို့ ဒီ Feature ကို ဖွင့်ပေးထားပါတယ်။ ဒီစမ်းသပ်ချိန်အတွင်း System ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ သင့်ရဲ့ သင်ယူမှု အတွေ့အကြုံကို ဘယ်လောက် အထောက်အကူဖြစ်စေလဲဆိုတာကို မြင်တွေ့ဖို့ ရည်ရွယ်ပါတယ်။ ဒီစမ်းသပ်ကာလအတွင်း ရလဒ်တွေနဲ့ သင်တို့ရဲ့ ပြန်လည်အကြံပြုချက်တွေပေါ် မူတည်ပြီး ဒီ AI စနစ်ကို ဆက်လက်အသုံးပြုမလား ဒါမှမဟုတ် ဘယ်လို မြှင့်တင်ပေးမလဲဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ အကယ်၍တစ်ခုခု အခက်အခဲ ကြုံတွေ့ရင် ဒါမှမဟုတ် သင့်ရဲ့ Assignment တွေကို မပို့နိုင်ဘူးဆိုရင် ကျွန်တော်တို့ကိုချက်ချင်းဆက်သွယ်နိုင်ပါတယ်။

Information
25 Jul 2025
Article Image

Donation Courses

မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားများရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရအတွက် SkillFusion အဖွဲ့သားများအနေနှင့်လည်း များစွာ စိတ်ထိခိုက်ခံစားခဲ့ရပါတယ် ဒါကြောင့် ယခုအချိန်မှာ ပြန်လည်ထူထောင်ရေးမှာ လုပ်အားရော ငွေအားပါ စွမ်းစွမ်းတမံပါဝင်အားဖြည့်ပေးနေသောသူများအတွက် ကျွန်တော်တို့ဘက်က တနေ့တချိန် မိမိတို့ Skill အတွက် အထောက်အကူပြုပေးနိုင်မယ့် Free Course လေးတွေ Offer ပေးမယ့် Campaign လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Campaign လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ငလျင်ဒေသအတွက် မိမိတို့တက်နိုင်သည့်ဘက်မှ အလှူငွေများကူညီနေကြသူများ ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် သက်စွန့်စံဖျား ကြိုးစားပေးနေကြသူများကို ကျေးဇူးတင်ချင်လိုခြင်းဖြစ်ပါတယ် SkillFusion မှာ Free အဖြစ် တက်ရောက်နိုင်သော Course များ 👨🏽‍💻1. Introduction to C Programming 🐍 2. Introduction to Python programming 🎮 3. Introduction to Unity Game Development ဘယ်သူတွေ အခမဲ့ တက်ရောက်ခွင့်ရှိမလဲ - ငလျင်ဘေးအတွက် လှူဒါန်းခဲ့သော Certificate သို့မဟုတ် အခြားအထောက်အထားရှိသူများ - ငလျင်ဘေးတွင် Volunteer အဖြစ်ပါဝင်ခဲ့သူများ ဘယ်လို အခမဲ့ အပ်လို့ရမလဲ 1. ငလျင်ဘေးအတွက် လှူဒါန်းခဲ့ပြီး သော Certificate သို့မဟုတ် အခြားအထောက်အထား တခုခုကို skillfusion.tech မှာရှိတဲ့ Donation Courses Section မှ မိမိတက်ရောက်လိုသော သင်တန်းရဲ့ Enrollment Form တွင် Upload ပေးရပါမယ် 2. Certificate ကိုတင်လိုက်ပြီဆိုတာနဲ့ Admin ဘက်က အထောက်အထားမှန်ကန်မှူ ရှိမရှိစစ်ဆေးပါမယ် 3. မှန်ကန်တယ်ဆိုတာနဲ့ Approve လုပ်သွားမှာဖြစ်ပြီး တက်ရောက်သူရဲ့ data လုံခြုံမှုကို အလေးထားသည့်အနေဖြင့် ထို data ကို Delete လုပ်သွားမှာဖြစ်ပါတယ် သင်တန်းအားလုံးမှာ mini projects များဝင်ပြီး အဆုံးထိတက်ရောက်သူများကို Certificate များလည်း ပေးအပ်သွားမှာဖြစ်ပါတယ် Please Note : ကျွန်တော်တို့ဘက်မှ လက်ရှိမှာ မည့်သည့်လှူဒါန်းမှုများကိုမှ တာဝန်ခံခြင်းမလုပ်ထားသေးပါဖူး လှူဒါန်းမှုများကိုတော့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ဒေသများမှာ လက်တွေ့လုပ်ဆောင်နေတဲ့ ယုံကြည်ရတဲ့ NGO များနှင့် အခြားသောမြေပြင် အဖွဲ့အစည်းများကိုပဲ တိုက်ရိုက်လှူဒါန်းဖို့ လေးစားစွာ တိုက်တွန်းပါရစေ လှူဒါန်းလို့ ရနိုင်မယ့်နေရာများကို လည်း ကျနော်တို့ Website မှာ အတတ်နိုင်ဆုံးထည့်‌သွင်းပေးထားပါတယ်ဗျ။ မြန်မာပြည်သူပြည်သားများအားလုံး မကြာခင် ဘေးရန်ကင်းကွာ စိတ်ချမ်းသာစေဖို့ ကျွန်တော်တို့ SkillFusion မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေခင်ဗျာ။ Free Course များရယူရန် - https://skillfusion.tech/all_donate_courses.php

Course
10 Apr 2025
Article Image

Myanmar's Earthquake

SkillFusion အနေနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေငလျင်ကြောင့် နိုင်ငံတဝှမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုတွေကို အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံးပဲ လုံခြုံဘေးကင်းပြီး စိတ်ချမ်းသာစွာ နေနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း၊ နောက်ထပ်ဖြစ်ပေါ်နိုင်တဲ့ ဘေးအန္တရာယ်တွေအတွက် အချိန်မီသတိထားနိုင်ဖို့ မြေငလျင်ကြိုတင်ခန့်မှန်းချက်နဲ့ပတ်သက်တဲ့ အရင်းအမြစ်တချို့ကို မျှဝေပေးလိုက်ပါတယ်။ USGS Earthquake Hazards Program https://www.usgs.gov IRIS (Incorporated Research Institutions for Seismology) https://www.iris.edu https://www.facebook.com/share/18twU3Vukm/?mibextid=wwXIfr https://www.facebook.com/share/1ANUxeUxry/?mibextid=wwXIfr

Information
28 Mar 2025
Article Image

Large Language Model (LLM)

Large Language Model (LLM) ဆိုတာဘာလဲ? 🤖📚 Large Language Model (LLM) ဆိုတာက ကျွန်တော်တို့လူသားတွေပြောတဲ့ စကားတွေကို နားလည်ပြီး ကျွန်တော်တို့ပြောတဲ့ စကားတွေနဲ့တူတဲ့ စာသားတွေကို ပြန်လည် Response လုပ်ပေးနိုင်တဲ့ AI Model တစ်မျိုးဖြစ်ပါတယ်။ LLM တွေကို Book တွေ၊ Web Page တွေ၊ New တွေတဲ့ Big Data Set တွေနဲ့လေ့ကျင့်ထားပြီးတော့၊ Languages တွေရဲ့ ဖွဲ့စည်းပုံတွေ၊ ဆက်စပ်မှုတွေနဲ့ Grammar တွေကို ခန့်မှန်းနိုင်စွမ်းရှိပါတယ်။ ဥပမာအားဖြင့် - GPT (Generative Pretrained Transformer) က LLM ရဲ့ အကျော်ကြားဆုံး Sample တစ်ခုဖြစ်ပါတယ်။ LLM တွေကို ဘယ်နေရာတွေမှာ အသုံးပြုလဲ? 🌐💬 LLM တွေကို Chatbots တွေ၊ Text Generate လုပ်တာတွေ၊ Translation လုပ်တာတွေ၊ Question-Answering System တွေစတဲ့ Multiple Fields တွေမှာ အသုံးပြုပါတယ်။ ဥပမာ - 🔷 Chatbots & Virtual Assistants - LLM တွေက User တွေမေးတာကိုနားလည်ပြီး ကျွန်တော်တို့ပြောနေကြ Natural Language နဲ့ Response ပြန်လုပ်ပေးနိုင်တဲ့ Siri တို့ Alexa တို့လို Chat တွေဖြစ်ပါတယ်။ 🔷 Content Generation - Blog Posts တွေ Articles တွေ ဒါမှမဟုတ် Creative Writing တွေကိုလည်း Generate လုပ်ပေးနိုင်ပါတယ်။ Content Summary လုပ်တာတွေ Sentence ပြန်ရေးတာတွေစတဲ့ အရာတွေကိုလည်း LLM တွေကပြုလုပ်နိုင်ပါတယ်။ 🔷 Question-Answering - ကျွန်တော်တို့ Quiz တွေဖြေလို့မသိတာတွေ နားမလည်တာတွေရှိရင်လည်း LLM ကိုသုံးပြီး ဖြေရှင်းလို့ရပါတယ်။ 🔷 Medical & Legal Applications - LLM တွေကို ဆေးဘက်ဆိုင်ရာနယ်ပယ်တွေမှာလဲ Research တွေလုပ်ဖို့အတွက်သာမက Medical Report ရေးတာတွေမှာလဲတွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ LLM ကိုသုံးတဲ့အခါ သိထားသင့်တဲ့ အချက်များ 💻🔧 LLM တွေက Powerful ဖြစ်သော်လည်း၊ LLM တွေကို အသုံးပြုတဲ့အခါ ကုန်ကျစရိတ်တွေ နဲ့ Data Security ကဲ့သို့သော စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာ- အချို့သော LLM တွေက Practice Data များတွင် ပါဝင်နေတဲ့ Biases တွေကို ထင်ဟပ်စေနိုင်ပါတယ်။ အက်တာကြောင့် ကျွန်တော်တို့ Real World မှာအသုံးချတဲ့အခါ Biases တွေ Ethical Compliance တွေကို အဓိကထားပြီး စစ်ဆေးရန် အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ Factual Accuracy ပါ။ ကျွန်တော်တို့က Response ပြန်လာတဲ့ Data တွေကဘယ်လောက်တိကျလဲ ဆိုတာကိုလည်းစစ်ဆေးရန် လိုအပ်ပါတယ်။

Knowledge Sharing
27 Mar 2025
Article Image

Basic Java Programming

IT Career သို့ first step အနေနဲ့လျှောက်လှမ်းချင်သူတိုင်းအတွက် “Basic Java Programming Course” 📍 Computer အခြေခံရှိရုံနဲ့ Programming Industry ထဲကိုခြေစုံပစ်ဝင်နိုင်မဲ့ အခွင့်အရေးတစ်ခု ရရှိချင်ပါသလား……. 📍80% Promotion ကြီးကိုရယူပြီး Java Fundamental Course ရဲ့ theory တွေ၊ logic တွေကိုရော လေ့လာချင်ပါသလား…… ✅ ဒါဆိုရင်တော့ IT Career ထဲသို့ဝင်ရောက်လိုသူတိုင်းမဖြစ်မနေ တက်ရောက်ထားသင့်တဲ့ ကျွန်တော်တို့ SkilFusion ရဲ့ Basic Java programming Course လေးက Perfect Matching ပါပဲ။ ✔️ Computer အခြေခံရှိသူတိုင်း ဘယ်သူမဆိုလေ့လာနိုင်မဲ့ Basic Java programming Course ဟာဆိုရင် IT Career ထဲကိုဝင်ရောက်နိုင်ဖို့ အကောင်းဆုံးခြေလှမ်းတစ်ခုဖြစ်သလို.. ✔️ Web development and Mobile App Development Career ကိုလျှောက်လှမ်းချင်ကြသူတွေ အတွက်လည်း အရမ်းကို သင့်တော်တဲ့ Course တစ်ခုပဲဖြစ်ပါတယ်။ ◼️Website learning System နဲ့သင်ကြားရမှာဖြစ်ပြီးတော့ module တစ်ခုစီတိုင်းမှာ Quiz and Assignment တွေကိုလည်း စိတ်ဝင်တစားဖြေဆိုနိုင်မဲ့အပြင် သင်တန်းကာလပြီးဆုံးသွားတဲ့အခါ Instructor နဲ့အတူ Real World Project တစ်ခုပါ အတူဖန်တီးခွင့်ရှိမှာပါ။ ◼️Programming ကိုစိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်အောင် Low Price နဲ့ Premium Quality Course ဖြစ်တဲ့ Basic Java programming Course ကို မြန်မာငွေ (၅၀၀၀၀) ကျပ်တိတိနဲ့ သင်ကြားပေးနေသလို.. ◼️သတ်မှတ်ကာလ မတိုင်မီ ကြိုတင်စာရင်းပေးအပ်နှံမယ်ဆိုရင်လည်း အထူးအခွင့်အရေးအဖြစ် 80% အထိ ProMotion ရရှိနိုင်မို့လို့ (၁၀၀၀၀)ကျပ် တိတိသာ ပေးချေရမှာပါ။✅ ‼️ရတောင့်ရခဲ့ limited Seat and Limited ProMotion ကြီးကို အရယူနိုင်ဖို့ဆိုရင် အခုချက်ချင်း Register လုပ်မှ စိတ်ချရမယ်ဗျို့..။ 📍Course Detail ▪️Status : (15. 3. 2025) ▪️Pre-Registration : (9.3.2025) ▪️Student-Limit. : ( 50 ) ▪️Course Fee. : ( 50,000 Ks ) ▪️ProMotion Price : ( 10000 Ks ) ▪️Enroll Now : https://skillfusion.tech/course_details.php?courseID=5750AFDD7042102AF6016086

Course
26 Mar 2025
Article Image

Agile Scrum Framework

Agile ဆိုတဲ့ အခေါ်အဝေါ် ကို software development နယ်ပယ်ထဲရောက်နေသူများအဖို့ မကြာခဏကြားဖူးနေမယ့် terminology တခုဖြစ်နေမှာပါ Agile Development ဆိုတာကတော့ customer တွေကို သူတို့လိုချင်တဲ့ product တွေ မြန်ဆန်စွာပေးနိုင်ဖို့သုံးတဲ့ project management framework တစ်ခုဖြစ်ပါတယ်။ Agile ရဲ့ အဓိကရည်ရွယ်ချက်ကတော့ product တခုလုံးကို တခါတည်း develop မည့်အစား အပိုင်းအသေးလေးတွေ ခွဲကာ customer feedback ကိုရယူပြီး တပိုင်းပီးတပိုင်း လုပ်ဆောင်သွားတဲ့ iterative & incremental methodology တခုဖြစ်ပါတယ်။ Agile Development ကို လက်ရှိမှာ Google, Facebook, Amazon တို့လို FANNG tech company ကြီးတွေကအစ အသုံးပြုနေပါတယ်။ Agile မှာ Scrum, Kanban, Lean, Crystal, XP စသဖြင့် framework အမျိုးအစားများစွာရှိပါတယ် ဒီနေ့ မှာတော့ industryမှာ အသုံးအများဆုံးဖြစ်တဲ့ Scrum Framework နှင့် ပတ်သက်ပြီး ပြောပြချင်ပါတယ် Scrum မှာ အဓိကအားဖြင့် Product Backlog, Sprint, Development Team, Daily Scrum, Sprint Review နဲ့ Sprint Retrospective ဆိုပြီး key terminologies 6ခုရှိပါတယ် အသေးစိတ်ကို အောက်မှာ တချက်ချင်းရှင်းပြချင်ပါတယ် အရင်ဆုံး Scrum Frameworkမှာ ဘယ်သူတွေပါလဲ? Scrum Team မှာ အဓိကအားဖြင့် Product Owner, Scrum Master, Development Team ဆိုပြီး သုံးမျိုးခွဲနိုင်ပါတယ် Product Owner ရဲ့တာဝန်ဝတ္တရားကတော့ Scrum Team တခုလုံးကို ဘယ်သူက ဘယ်တာဝန်လုပ်ရမလဲ ဆုံးဖြတ်ပေးပါတယ် ဒါ့အပြင် software development process တလျှောက်လုံး business လိုအပ်ချက်ရော customer လိုအပ်ချက်ပါ ကိုက်ညီအောင်ဆောင်ရွက်ပေးရပါသေးတယ် Stakeholders, customers တို့က လိုချင်တဲ့ Product Backlog တွေကို လက်ခံရယူပေးပြီး Agile-Scrum framework မှာထည့်သွင်းဖို့ အရေးကြီးဆုံး feature ကစပြီး အစီစဥ်လိုက် rank စီပေးရပါတယ် Scrum Master ကတော့ Teamတခုလုံးရဲ့ လုပ်ဆောင်ချက်ကို Scrum principle နဲ့ကိုက်ညီမညီ ကြပ်မတ်ပေးရပြီး process တလျောက်ဖြစ်တဲ့ conflict တွေကိုလဲ ဖြေရှင်းပေးရပါသေးတယ် Development Team မှာတော့ Developers, Testers တွေနဲ့ UIUX Designerများ ပါဝင်ပါတယ် team တခုလုံး အချိန်အဆက်မှန်မှန်နဲ့ အဆင်ပြေစွာဆောင်ရွက်နိုင်ဖို့ team members ၇ယောက်ထပ် မကျော်သင့်ပါဖူး Scrum Frameworkမှာတော့ အဓိက Artifact အားဖြင့် Product Backlog, Sprint Backlog နဲ့ Sprint Burndown Chart တို့ ပါဝင်ပါတယ် Product Backlog ကတော့ စောစောကပြောခဲ့တဲ့အတိုင်း Stakeholders တွေလိုချင်တဲ့ features တွေကို Product Owner က အရေးကြီးတဲ့ အရာတွေကိုဦးစားပေးထားတဲ့ feature lists တွေပဲဖြစ်ပါတယ် Backlog ထဲမှာ requirement အသစ်တွေသာမက ပြင်ချင်တဲ့ feature အဟောင်းတွေကိုလဲ ပြန်လည်ထည့်သွင်းလေ့ရှိပါတယ် Sprint Backlog ဆိုတာကတော့ Sprint တစ်ခုဆီမှာ develop လုပ်မယ့် product feature lists တွေပါ ။ Development Team က priority အရစီထားပြီးဖြစ်တဲ့ Product Backlog တွေဆီက feature တွေကို 2ပတ်ကနေ 4ပတ်လောက်ထိရှည်တဲ့ Sprint Period တခုဆီမှာ ပြီးအောင် develop လုပ်ပေးနိုင်မယ့် ပမာဏကို ထည့်သွင်းထားတဲ့ lists ဖြစ်ပါတယ်။ Sprint Burndown Chart မှာတော့ Sprint တခုလုပ်နေစဥ် ပြီးသွားတဲ့ အလုပ် နဲ့ ကျန်သေးတဲ့ အလုပ်တွေကို ပြပေးနိုင်တဲ့ ဇယားတခုဖြစ်ပါတယ် ပေးထားတဲ့ အချိန်ကာလမတိုင်မီ ပြီးနိုင်မပြီးနိုင် Scrum Master ဘက်ကရော Development Team ဘက်ကပါ နေ့တိုင်း tracking လိုက်နိုင်မှာဖြစ်ပါတယ် Scrum Framework မှာ Daily Scrum, Sprint Planning, Sprint Review နဲ့ Retrospective Meetingဆိုပြီး meeting 4ခုရှိပါတယ် Daily Scrum မှာတော့ Development Team က လာမည့် 24နာရီအတွင်းလုပ်ဆောင်မည့် taskတွေကို စီစဥ်ရပါတယ် တနေ့မှာ 15minutes ခန့် နေ့စဥ်လုပ်ရတဲ့ meeting ဖြစ်ပါတယ် Sprint Planning မှာတော့ Sprintတခုမှာ ဘယ်အလုပ်တွေပြီးအောင်လုပ်မလဲနဲ့ ဘယ်လိုလုပ်မလဲဆိုတာကို အဓိကဆွေးနွေးကြပါတယ် Product Owner, Scrum Master ရော Developement Team ပါ ပါဝင်ရပြီး တလလုံးပေါင်းမှ 8နာရီခန့် ရှိကြပါတယ် Sprint Review နဲ့ Retrospective Meeting ကတော့ Sprint တခုချင်းဆီတိုင်းရဲ့ အဆုံးမှာ လုပ်လေ့ရှိပါတယ် Scrum Team တခုလုံး Sprint တခုထဲမှာ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကို Product Owner ကိုပြသရပြီး feedback ရယူရပါတယ် အချိန်ကာလအားဖြင့် 1လမှာ 4နာရီခန့်ရှိပါတယ် Retrospective Meeting မှာတော့ Team တခုလုံးSprint တလျောက်လုပ်ခဲ့တဲ့အလုပ်တွေကို ပြန်လည်သုံးသပ်ခြင်းဖြစ်ပြီး နောက် Sprintမှာ ပိုကောင်းအောင်လုပ်ဆောင်နိုင်ရန် ဆွေးနွေးလေ့ရှိပါတယ် Sprint Review အပြီးမှာ လုပ်လေ့ရှိပြီး 1လမှာ ကြာချိန် 3နာရီခန့်ရှိပါတယ် အကျဥ်းချုပ်ပြန်ပြောရရင်တော့ Product Owner က Stakeholders တွေလိုချင်တဲ့ features တွေကို Product Backlog ထဲ priority ဆီပြီးထည့်တယ် အဲ့တာကို Sprint Planning Meeting မှာ Sprint တခုချင်းဆီအတွက် Sprint Backlog တွေခွဲပါတယ် ပြီးရင်တော့ 4ပတ်ခန့်ကြာလေ့ရှိတဲ့ Sprint တခုကိုစတင်ကြပြီး နေ့တိုင်း Sprint Meeting လုပ်ကာ Burndown Chart ဖြင့်work progressကို Trackingလုပ်ပါတယ် Scrum Master ကလည်း Sprint တလျောက် manage လုပ်ပေးရပါတယ် Sprint တခုချင်းဆီရဲ့အဆုံးမှာတော့ Product Owner ရဲ့ feedback ကို ရယူဖို့ Sprint Meeting နဲ့ Sprint တလျောက်လုပ်ခဲ့သမျှတွေကို review ဖို့ Retrospective Meeting ကို လုပ်ကြပါတယ် ဒါကတော့ Agile-Scrum Framwork ကို သုံးပြီး develop လုပ်ကြတဲ့ Software Developement Industrial တွေရဲ့ product development cycle ပါ အသုံးများနေတဲ့ methodology တခုဖြစ်လို့ လုပ်ငန်းခွင်ကို ဝင်ဖို့ပြင်နေတဲ့ Developerတွေအဖို့ သိသားသင့်တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ် #Agile #Scrum #SkillFusion

Knowledge Sharing
22 Mar 2025
Article Image

C Programming

C Programming ကို အခုမှစတင်လေ့လာမဲ့ Beginner တွေအတွက် အခွင့်အလမ်းသစ်ကြီး 📍C Programming ကိုလည်းလေ့လာချင်တယ်၊ ဒါပေမဲ့ Programming အခြေခံမရှိလို့ စာမလိုက်နိုင်မှာကိုလည်းစိတ်ပူနေပါသလား..။ 📍အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက်နဲ့မို့လို့ Office Hour တွေမှာ Programming အတွက် အချိန်မပေးနိုင်ဘူးဖြစ်နေပါသလား..။ ✔️အဲ့ဒီလိုသူတွေအတွက် ကျွန်တော်တို့ရဲ့ Skillfusion ကနေ "Your time ,Your Choice "နဲ့ သင်ကြားနေပြီးတော့ Programming အခြေခံမရှိသူတွေပါ တက်ရောက်နိုင်မဲ့ " C Programming "တစ်ခုနဲ့မိတ် ဆက်ပေးချင်ပါတယ်။ ▪️Flexible Learning Hours နဲ့ ကိုယ်အဆင်ပြေတဲ့ အချိန်ကို လေ့လာနိုင်မဲ့ Website Learning System နဲ့သင်ကြားရမှာဖြစ်ပြီးတော့..... ▪️Programming ရဲ့ အခြေခံအကျဆုံး logic တွေ Theory ကနေစပြီး "C Programming ကို စတင်အသုံးပြုနိုင်တဲ့အထိ Quiz တွေ၊Assignment တွေကို ဆရာနဲ့အတူ Face to Face ဆွေးနွေးနိုင်မဲ့ Zoom Session တွေနဲ့ Smart Study အဖြစ်လေ့လာရမှာပါ။ ▪️Course ပြီးဆုံးတဲ့အခါမှာလည်း Real World Project တစ်ခုကို Team နဲ့အတူ ပြုလုပ်ခွင့်ရမှာဖြစ်ပြီးတော့ သင်တန်းပြီးဆုံးကြောင်း Certificate လည်းရရှိဦးမှာပါခင်ဗျာ။ ◼️လူငယ်တွေအတွက် အဓိကထား ဖွင့် လှစ်ထားတာမို့လို့ မြန်မာငွေ ( ၆၀၀၀၀) ကျပ်တည်းနဲ့ Course အစအဆုံးကို တက်ရောက်နိုင်အောင် အထူးစီစဉ်ပေးထားပါတယ်။‼️ ◼️ အဲ့ဒါအပြင် Skillfusion ရဲ့ထုံးစံအတိုင်း ပထမဆုံးလာရောက်အပ်နှံသူ(၁၀)ဦးကိုလည်း 20% early bird discount ပေးထားတာမို့လို့ (၄၈၀၀၀)ကျပ်တည်းနဲ့ တက်ရောက်နိုင်မဲ့ အခွင့်အရေးကြီးလည်းရှိပါသေးတယ်ဗျာ။ ◼️ Batch -2 အထိ ရောက်ရှိလာပြီ ဖြစ်တဲ့ ဒီ Class အတွက် limited seat အနေနဲ့ ကျောင်းသားအယောက်(၂၀)ကိုပဲ အာရုံစိုက်ကာ စနစ်တကျ သင်ကြားပေးသွားမှာမို့လို့ Seat တွေမပြည့်မီ အမြန်ဆုံးအပ်နှံကြပါစို့ဗျာ။ 📍Class Detail Subject. : C Programming Start Date : 1 April 2025 Fees. : 60000 ks Duration : 2 Months Enroll Now : https://skillfusion.tech/course_details.php?courseID=A98BB0E7E3950F69C784CC35

Course
20 Mar 2025
Article Image

Flutter Workshop

သင်ဟာ Mobile Development ကို စိတ်ဝင်စားပြီး စမ်းလေ့လာကြည့်ချင်သူလား? 🧑‍💻ဒါမှမဟုတ် ကိုယ်ပိုင် App လေးနဲ့ Online Food Ordering Business လေး စတင်ဖို့ စိတ်ကူးရှိနေသူလား?👩‍💼 ဒီလိုဆိုရင်တော့ SkillFusion ရဲ့ Live Food Ordering App Workshop လေးက သင့်အတွက်ပါ! ဒီ Workshop လေးမှာ Flutter Framework ကို အသုံးပြုပြီး Mobile Application လေးတစ်ခုကို ကျွန်တော်တို့နဲ့အတူတူ ဖန်တီးနိုင်ပါလိမ့်မယ်။ 📌 Project Overview ကျွန်တော်တို့ အတူတူ ဖန်တီးမယ့် App လေးမှာ Home Page နဲ့ Cart Page ဆိုပြီး စာမျက်နှာ ၂ ခု ပါဝင်ပါမယ်။ • Home Page: သင့်ဆိုင်မှာ ရောင်းချမယ့် အစားအသောက် Menu တွေကို ပြသပေးပြီး၊ Add to Cart feature လည်း ပါဝင်ပါမယ်။ • Cart Page: Customer ရွေးချယ်ထားတဲ့ Menu များကို ပြသပြီး၊ Order Submit လုပ်လျှင် Database ထဲသို့ ပို့ပေးနိုင်ပါမယ်။ 💡 Tech Stack • Flutter: လှပပြီး Responsive ဖြစ်သော UI ဖန်တီးရန် • Supabase: Food Menu Order များကို Backend အဖြစ် သိမ်းဆည်းရန် • GetStorage: Menu Items များကို Local Storage တွင် သိမ်းဆည်းရန် • setState & FutureBuilder: UI State Management အတွက် အသုံးပြုရန် 📖 ဘာတွေ လေ့လာနိုင်မလဲ? • Flutter ကို သုံးပြီး Supabase မှ Data များ Fetching လုပ်ခြင်း • setState နဲ့ GetStorage ကို သုံးပြီး Cart Items များကို Manage လုပ်ခြင်း • ခလုတ်တချက်နှိပ်ရုံနဲ့ Supabase အတွင်းသို့ Data များ သိမ်းဆည်းခြင်း Zoom Live မှာ instructor နဲ့ အတူလိုက်လုပ်ရမှာ ဖြစ်လို့ မမှီမှာလဲ စိတ်မပူပါနဲ့ workshop မစခင် လိုအပ်တဲ့ set up တွေအကုန်လုံးကို ကြိုတင်ပြင်ဆင်ထားလို့ရအောင် အောက်က link မှာ installation set up video လေးလဲ တပါတည်း ထည့်သွင်းပေးထားတာဖြစ်လို့ ထိုနေ့မှာinstructor နဲ့ တခါတည်း development ကိုပဲ အဓိကထား ဖန်တီးသွားနိုင်မှာပဲဖြစ်ပါတယ် 📱Flutter Installation Guide : https://www.youtube.com/watch?app=desktop&v=eGF70tSPnTM လူဦးရေ အကန့်အသတ်လေးရှိတာမို့ 22ရက်နေ့မှာ ကျင်းပမယ့် workshop လေးကို တက်ရောက်ဖို့ အောက်မှာပေးထားတဲ့ registration form လေးကို ဖြည့်ထားပေးဖို့ လိုအပ်ပါတယ်။ ✔️ Registration Form : https://forms.gle/MbKtgW35P3cZ8kuz6 Workshop Details ====================== 📅 Date: 22 March, 2025 ⏰ Time: 08:00 PM ⏳️ Duration: 2-3 hours 📍 Platform: Zoom 📫 admin@skillfusion.tech သင့် Flutter Skill ကို မြှင့်တင်ဖို့ အခွင့်အလမ်းကို လက်မလွှတ်ပါနဲ့! ကျွန်တော်တို့နဲ့ပေါင်းပြီး Food Ordering App လေးတစ်ခုကို စတင် တည်ဆောက်ရင်း သင့်ရဲ့ Mobile Development journeyကို အခုပဲစတင်လိုက်ပါ

Workshop
18 Mar 2025
Article Image

What is SkillFusion?

Website ကနေ တစ်ဆင့် IT ပညာရပ်တွေကို မျှဝေသင်ကြားပေးနေတဲ့ မြန်မာ့ပထမဆုံး Online Class 📍2025 တောင် ရောက်နေပြီ၊ အခုထိ ရိုးရိုး online Video Class တွေ Zoom Class တွေကိုပဲ တက်ရောက်နေတုန်းလား?? ဒါဆိုရင်တော့ Smartest learning အတွက် အခုပဲ Skillfusion နဲ့ ချိတ်ဆက် လိုက်ပါဗျ။ ကျွန်တော်တို့ရဲ့ Skillfusion Website ဟာဆိုရင် အချိန်တိုင်း၊ နေရာတိုင်းမှာ လူတိုင်းအတွက် IT နဲ့ပတ်သတ်တာတွေကို ကနေ မျှဝေပေးနေပါပြီ။ 🤝 ကျွန်တော်တို့ရဲ့ Website မှာ လူငယ်တွေနဲ့ IT Career ကို စိတ်ဝင်စားသူတိုင်းအတွက် IT Career -Map အပါအဝင်၊ Knowledge Sharing တွေကို အခမဲ့မျှဝေပေးနေတဲ့အပြင် IT industry ထဲကို ခြေစုံပစ်ဝင်ချင်ပေမဲ့ Budget ချိန်နေရတဲ့ တက်သစ်စ တွေအတွက်လည်း Free Course တွေကို စီစဉ်ပေးထားပါသေးတယ်။ ✅ 📍Website Learning ဖြစ်တာကြောင့် ကိုယ်ကြိုက်တဲ့အချိန် နေရာမရွေး သက်သောင့်သက်သာနဲ့ သင်ယူနိုင်မှာဖြစ်ပြီး၊ Self-learning လုပ်ချင်တဲ့သူတွေ၊ Classmate တွေနဲ့ဆိုရင် သက်သောင့်သက်သာ မရှိဘူးလို့ခံစားရတဲ့ Introvert တွေအတွက်လည်း Must Choice ပါပဲ။ IT Course တွေကို Premium Quality Low Price နဲ့လေ့လာချင်တဲ့ Beginner တွေကိုလည်း အတန်ဆုံးနှုန်းထား၊ အကောင်းဆုံးသင်ကြားမှုတွေကိုမျှဝေ ပေးနေတာမို့လို့ လုံးဝ လက်လွတ်မခံ သင့်ပါဘူး။🌟 မြန်မာ့ပထမဆုံးအနေနဲ့ လူငယ်တွေအားလုံးအတွက် Website Learning Platform တစ်ခုကို ဖော်ဆောင်နေတဲ့ Skillfusion နဲ့အတူ ပိုမိုမြင့်မားတဲ့အနာဂတ်သစ်ဆီကို အတူလျှောက်လှမ်းကြပါစို့ဗျာ။✅ လူငယ်တွေရဲ့ ဘဝ စာမျက်နှာတွေကို Skillfusion မှ ကူညီအားဖြည့်ပေးပါရစေ။🌟 📍ဝင်ရောက်လေ့လာလိုပါက : https://skillfusion.tech/

Information
15 Mar 2025
Article Image

Python Programming

Hyper Skills with no price? Let’s try in Skillfusion 🔷 အနာဂတ်အတွက် အလားအလာအကောင်းဆုံး Career တွေထဲက တစ်ခုဖြစ်တဲ့ IT industry ထဲ ခြေစုံပစ်ဝင်ချင်ပေမဲ့ သိပ်ကို ကြေးကြီးတဲ့ Class တွေကြောင့် စိတ်ညစ်နေရပြီလား...။ ‼️ ကြိုးစားရင် ဘာမဆိုဖြစ်နိုင် တဲ့ ခေတ်ကြီးမှာ Supporting မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့တော့ သင့်ရဲ့အိပ်မက်တွေကို လက်မလျှော့လိုက်ပါနဲ့။ ◼️IT Career နဲ့ ပတ်သတ်ပြီး စုဆောင်းသိုမှီးထားရမဲ့ Hyper Skills တွေကို Totally Free အနေနဲ့ Skillfusion မှာ အခုပဲတက်ရောက်သင်ကြားနိုင်ပါပြီ။ ◼️အခုလက်ရှိ Skillfusion မှာ IT ကို စတင်အခြေချချင်သူတွေ တက်ရောက် သင့်တဲ့ Python Course ကို Totally Free အနေနဲ့ သင်ကြားပေးနေပြီးတော့.... ◼️ Free Python Basic Course ထဲမှာဆိုရင် Video lessons, Quiz section and Assignment တွေပါဝင်ပြီးတော့ စာနားမလည်ဘူးဆိုရင်လည်း အချိန်မရွေးဆရာနဲ့ဆွေးနွေးနိုင်အောင် စီစဉ်ပေးထားပါတယ်။ ◼️နောင်လာမဲ့ နေ့ရက်တွေမှာလည်း လူငယ် ခြေတက်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ Free Courses တွေနဲ့အတူ Budget Price Paid Courses ပေါင်းများစွာကို သင်ကြားပေးနိုင်အောင် ဦးစားပေးဆောင်ရွက်ပေးနေတာမို့လို့... ‼️သင်ကလူငယ်ခြေတက်တစ်ယောက်၊ IT field ကို စိတ်ဝင်စားပြီး Hyper Skills တွေကို No price နဲ့လေ့လာချင်သူတစ်ယောက် ဆိုရင်တော့ Skillfusion နဲ့အတူ ကြိုးစားဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ 📍Totally Free Python Course ကို ရယူရန်... https://skillfusion.tech/course_details.php?courseID=77979E89A87281A06B58EE54

Course
14 Mar 2025
Article Image

Game Development

အနာဂတ်အတွက် ခိုင်မာတဲ့ Career တစ်ခုကို Game Development နဲ့စတင်လိုက် ရအောင် 📍သင်က Game တွေကို ကိုယ်တိုင် ဖန်တီးရေးဆွဲချင်သူတစ်ယောက်လား၊ 📍သင်က IT နဲ့ အာမခံချက်အပြည့်အဝရှိတဲ့ Career တစ်ခုကို ရှာဖွေနေတဲ့သူလား၊ 🔲 ဒါဆိုရင် Game Development နယ်ပယ်ထဲကို ဝင်ရောက်ဖို့ အကောင်းဆုံးခြေလှမ်းတစ်ခုအဖြစ် Skillfusion ရဲ့ Game Development Course ရောက်ရှိလာပါပြီခင်ဗျာ။ 🔷ကျွန်တော်တို့ရဲ့ Game Development Course မှာဆိုရင်... 🔲 Unity Engine ရဲ့ သဘော သဘာဝတွေ၊ Game Developer တစ်ယောက်သိထားရမဲ့အချက်အလက်တွေနဲ့အတူ၊ Unity Engine ကိုအသုံးပြု ပြီး Game တွေကို စိတ်ကြိုက်ဖန်တီးပုံ အဆင့်အဆင့် ကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 🔲အချိန်တို အတွင်းမှာ Game Development runway နဲ့ ရင်းနှီးသွားပြီး Game တွေကို စိတ်ကြိုက် ဖန်တီးချင်တဲ့ Beginner တွေ လက်မလွတ်သင့်တဲ့ Course တစ်ခုလည်းဖြစ်ပါတယ်။ 🔲Digital learning ဖြစ်လို့ စာနားမလည်မှာ၊ အဆင်မပြေမှာကိုလည်း စိတ်မပူရအောင် Game Development ရဲ့ပထမဆုံး သင်ခန်းစာ (၂) ခုကို SkillFusion Website မှာ Account ဖွင့်ပြီး "Free" လေ့လာနိုင်မှာဖြစ်ပါတယ်။ 🔲 ဒီလိုမျိုး Beginner-Friendly ဖြစ်ပြီး လုပ်ငန်းခွင်မှာ နှစ်ရှည်လများ ထိတွေ့လုပ်ကိုင်နေတဲ့ ဆရာတွေနဲ့အတူ Real Project ပါအတူ လုပ်ကိုင်ခွင့်ရမဲ့ Game Development Course ကို... 📍Creative Dream ရှိသူတိုင်းတက်ရောက်နိုင်မဲ့ မြန်မာငွေ (၂၅၀၀၀၀) ကျပ် တည်းနဲ့ တက်ရောက်နိုင်မှာဖြစ်သလို၊✔️ 📍ပထမဆုံးစာရင်းပေးအပ်နှံသူ (၁၀)ဦး တိတိကိုလည်း Early Birds Price အဖြစ် 20% Discount ပေးအပ်ထားလို့ (၂၀၀၀၀၀) ကျပ်တိတိပဲ ကျသင့်မှာပါခင်ဗျာ။✔️ 📌လူပြည့်မြန်တဲ့ Course မို့လို့ ကန့်သတ်လူဦးရေ မပြည့်ခင် အမြန်ဆုံးစာရင်းပေးအပ်နှံရင်း Early Birds Price Discount ကြီးကို အခုပဲရယူကြပါစို့ဗျာ။ 📌စိတ်ဝင်စားလို့ အပ်နှံချင်တယ်ဆိုရင်တော့ https://skillfusion.tech/course_details.php?courseID=FE4ADC60079750D95E33DC32 📮admin@skillfusion.tech 🌐 www.skillfusion.tech တို့မှာ လာရောက်စုံစမ်းအပ်နှံနိုင်ပါပြီ။

Course
09 Mar 2025
Article Image

Front-End Development

Front-End Developer တိုင်းသိထားရမဲ့ Tech Stacks Software Development လို့ဆိုလိုက်ရင် Web, Mobile, Cloud, Embedded စသဖြင့် နယ်ပယ်အများကြီးရှိကြပါတယ်။ ဒါကြောင့် Software Developer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ကိုယ် Emphasize လုပ်မယ့် Position ကိုလည်း ထပ်ပြီးရွေးချယ်ရပါတယ်။ ဒါမှသာ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းနဲ့ကိုက်ညီတဲ့ Programming Language တွေ၊ Library တွေ၊ Framework တွေကို ရွေးချယ်လို့ရမှာဖြစ်ပါတယ်။ ဒီနေ့ပြောပြချင်တာကတော့ 2025 မှာ Front-End We Developer လုပ်ဖို့ရွေးချယ်ထားတဲ့သူတွေအတွက် မဖြစ်မနေသိထားရမဲ့ Tech Stacks အကြောင်းပဲဖြစ်ပါတယ်။ Front-End Developer လုပ်တော့မယ်ဆိုရင် အရင်ဆုံးလေ့လာရမှာက HTML, CSS နဲ့ JavaScript ပါ။ HTML ကတော့ Website အတွက် Structure, Css ကတော့ Styling ပိုင်းဖြစ်ပြီး JavaScript ကတော့ Interactivity ပိုင်းဖြစ်ပါဝယ်။ လက်ရှိလုပ်ငန်းခွင်တွေမှာ အဲ့ဒီ Language တွေသီးသန့်သုံးပြီး Develop မလုပ်ကြတော့ပေမဲ့ အခြေခံသိထားရမဲ့အရာတွေဖြစ်လို့ ပိုင်နိုင်ထားဖို့လိုပါတယ်။ နောက်တစ်ဆင့်မှာ လေ့လာသင့်တာက Tailwind CSS ပါ။ Tailwind က CSS ရဲ့ Framework တစ်ခုဖြစ်ပြီး Pure CSS ထပ်အားသာတဲ့အချက်က Pre-Defined Classes တွေရှိတာဖြစ်ပြီး ကိုယ်တိုင်လည်း Customized လုပ်နိုင်သလို အသင့်ယူသုံးလို့လည်းရပါတယ်။ ဒါ့အပြင် Responsive ပိုင်းမှာ Build-in Utilities တွေထည့်ပေးထားလို့ sm; md; စသဖြင့်သုံးလိုက်ရုံနဲ့ Responsive အတွက် ချိန်ညှိပြီးသားဖြစ်မှာပါ။ နောက်တစ်ခုကတော့ Front-End Development အတွက် အချက်အချာဖြစ်တဲ့ JavaScript UI Library ရွေးချယ်ခြင်းပါ။ UI Libraries ထဲမှာဆိုရင် React.js, Vue.js, Angular နဲ့ Svelte ဆိုပြီးရှိပါတယ်။ ကိုယ်လုပ်တဲ့ Company နဲ့ Project ပေါ်မူတည်ပြီး Libraries ကွဲပြားသွားနိုင်ပါတယ်။ ဒီထဲမှာ နာမည်အရဆုံးနဲ့ Community Strong အဖြစ်ဆုံး Library ကို ရွေးပါဆိုရင် React.js ကိုပဲရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် React ရဲ့ State Management Tools တွေဖြစ်တဲ့ TanStack နဲ့ Redux Query တို့ကိုလည်း မမေ့သင့်ပါဘူး။ ဒီအထိကတော့ Front-End Developer ဖြစ်ချင်တယ်ဆိုရင် မဖြစ်မနေလေ့လာသင့်တာတွေပါ။ အခုကစပြီး 2025 မှာ Front-End Developer Position နဲ့ အလုပ်ဝင်နိုင်ဖို့ ထပ်မံလေ့လာသင့်တာတွေပါ။ ပထမဆုံးအနေနဲ့ JavaScript ကိုလေ့လာထားပြီးဖြစ်တဲ့အတွက် TypeScript ကို ဆက်လေ့လာသင့်ပါတယ်။ TypeScript ကတော့ JavaScript ကိုမှ Extra Functionality ထပ်ံပေါင်းထည့်ထားတဲ့ Programming Language တစ်ခုဖြစ်ပါတယ်။ JavaScript နဲ့မတူဘဲ TypeScript က Variable, Functions, Object စတာတွေကို Data Type သတ်မှတ်ပေးနိုင်ပြီး Error တွေကို Compile Time မှာတင် Catch လုပ်ပေးနိုင်လို့ Runtime Error ကို အများကြီးလျှော့ချပေးနိုင်ပါတယ်။ Interface, Generics, Enum စတဲ့ Feature တွေလည်းပါဝင်တာကြောင့် Large Project တွေအတွက် Scalability ကို ပိုကောင်းစေပါတယ်။​ 2025 ရဲ့ Front-End Developer အလုပ်ခေါ်စာတွေမှာ နေရာယူလာတဲ့ Technology တစ်ခုရှိပါတယ်။ Next.js ပါ။ Next.js ဟာ React ရဲ့ Framework တစ်ခုဖြစ်ပြီး React ရဲ့ လုပ်ဆောင်ချက်တွေအပြင် Static Site Generation, Server-Side Rendering တွေပါ ပါဝင်လာတာမို့ Back-End လုပ်ဆောင်ချက်တွေကိုပါ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ React လိုမျိုး Third-Party Routing System မလိုအပ်တော့ဘဲ Built-in Routing System ပါဝင်တာကြောင့် Performance အများကြီးကောင်းပါတယ်။ ဒါကြောင့်မို့ Next.JS က Front-End Tech Stacks ရဲ့ Mandatory Technology တစ်ခုဖြစ်လာပါတယ်။ ဒါဆိုရင် ပြီးပြည့်စုံပြီလားဆိုရင် ရာနှုန်းပြည့်တော့မဟုတ်သေးပါဘူး။ Shadcn UI, Zod စတဲ့ Library အချို့ကိုလည်း လေ့လာထားသင့်ပါတယ်။ Shadcn ကတော့ UI Library တစ်ခုဖြစ်ပြီး အခြား UI Library တွေနဲ့ မတူတဲ့အချက်က Dependencies တစ်ခုလုံးကြီး Project မှာ ထည့်သွင်းဖို့ မလိုခြင်းပါ။ ကိုယ်သုံးချင်တဲ့ Component ကိုသာ ထည့်သွင်းဖို့လိုပြီး ထည့်သွင်းပြီးတာနဲ့ Project ရဲ့ ကြိုက်တဲ့နေရာမှာ Customized လုပ်ပြီး Reusable လုပ်လို့ရတာမို့ Developer တွေအကြိုက်တွေ့လာကြပါတယ်။ Zod ကတော့ TypeScript ရဲ့ Schema Validation Library တစ်ခုဖြစ်ပြီး Developer Friendly ဖြစ်လာတာကြောင့် လေ့လာထားသင့်ပါတယ်။​ အထက်မှာပြောခဲ့တဲ့ Tech Stacks တွေဟာ အကုန်ကျွမ်းကျင်နေမှ Front-End Developer ဖြစ်မှာလားဆိုရင် အဲ့လိုလည်းမဟုတ်သေးပါဘူး။ ဒါပေမယ့် သေချာတာကတော့ Tech တွေအကုန်လုံး အသုံးပြုနိုင်မယ်ဆိုရင် Front-End Developer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့က ပုံမှန်ထပ်အများကြီးလွယ်ကူစေမှာသေချာပါတယ်။ ကျွန်တော်တို့ SkillFusion မှာလည်း Web Development နဲ့ပတ်သက်ပြီး Course လေးတွေဖွင့်လှစ်ဖို့ရှိလို့ စိတ်ဝင်စားတယ်ဆိုရင် Page မှာစောင့်ကြည့်ပေးစေချင်ပါတယ်။​ 📮admin@skillfusion.tech 🌐 www.skillfusion.tech

Knowledge Sharing
25 Feb 2025
Article Image

Website Maintenance

Website ကို Upgrade နဲ့ Maintenance လုပ်နေတဲ့အတွက်ကြောင့်၊ အခုအချိန်မှစ၍ Monday - February 24 အထိ Website ကို ယာယီပိတ်ထားမှာဖြစ်ပါတယ်။ ဒီ Update မှာတော့ စနစ်တည်ငြိမ်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုမြှင့်တင်ရန်၊ ခေတ်မီလုံခြုံရေးစနစ်များ အပ်ဒိတ်လုပ်ရန်နဲ့ အသုံးပြုသူများ ပိုမိုချောမွေ့စွာ အသုံးပြုနိုင်ရေး Interface Design ကို ပြောင်းလဲပြင်ဆင်ရန် ရည်ရွယ်ထားပါတယ်။ ဒီကာလအတွင်း Website ဝင်ရောက်အသုံးပြုမှု၊ ဝန်ဆောင်မှုများအားလုံး ယာယီရပ်နားသွားမှာဖြစ်ပါတယ်။ ယခုအသိပေးချက်အား နားလည်သဘောပေါက်ပြီး သည်းခံစွာစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မလွယ်ကူမှုများအတွက် အထူးတောင်းပန်အပ်ပါတယ်။ Website ပြန်လည်ဖွင့်လှစ်ပြီးနောက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ပြန်လည်တွေ့ဆုံနိုင်ရန် မျှော်လင့်ထားပါတယ်။ နာလည်ပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်။

Information
22 Feb 2025
Article Image

Valentine Special Workshop

✨ ချစ်သူကို Gift ပေးချင်ပေမယ့် Chocolate တွေ Sold Out သွားပြီလား? ✨ ဒါမှဟုတ်ချစ်သူကို အမှတ်တရဖြစ်မယ့်ဆန်းဆန်းပြားပြား လက်ဆောင်လေးပေးချင်ပါသလား? ကိုယ့်ချစ်သူအတွက်လာမယ့် Valentine day ကိုအမှတ်တရတခုအနေနဲ့ Website လှလှလေးတခု create လုပ်ပေးလိုသူများအတွက် Free Workshop တခုကို ကျွန်တော်တို့ Skill Fusion မှဖွင့်လှစ်ပေးဖို့ရှိပါတယ်။ ဒီ Workshop မှာ - 📌 Website Development Basic 📌 GitHub-Uploaded Templates to Build and Publish Your Website 📌 Love-Themed Website တစ်ခုကို Live Demo ပြုလုပ်ပြသသွားမှာပါ Programming basic ရှိရုံနဲ့ သင့်ချစ်သူအတွက်ရည်ရွယ်ထားတဲ့ Website တစ်ခုကို လက်ဆောင်အဖြစ်ပေးနိုင်ဖို့ ဒီ Workshop မှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သာမန်နဲ့မတူတဲ့ Special Gift 🎁 လေးတစ်ခုကို ကိုယ်တိုင် ဖန်တီးချင်ရင်တော့ 13 ရက်နေ့မှာ ကျင်းပမယ့် ခု Workshop လေးကိုတက်ရောက်ဖို့ အမြန်ဆုံး register form လေးကို ဖြည့်ပေးဖို့လိုအပ်ပါတယ်။ Registration Form - https://forms.gle/BmMVt5ZmNXRrvesM9 Workshop Details ================== 📅 Date: 13. 2. 2025 ⏰ Time: 8:00 PM ⏳ Duration: 2-3 hours 🌐 Platform: Zoom 📬 admin@skillfusion.tech

Workshop
13 Feb 2025
Article Image

AR & VR

AR နဲ့ VR နဲ့က အတူတူပဲလား? AR ကဘာလဲ၊ VR ကဘာလဲ၊ ဘာကွာတာလဲဆိုတဲ့သူတွေအတွက် AR နဲ့ VR အကြောင်းကို အကြမ်းဖျင်းရှင်းပြပေးပါမယ်။ AR (Augmented Reality) နဲ့ VR (Virtual Reality) တွေက ကျွန်တော်တို့ လူသားတွေရဲ့ အတွေ့အကြုံတွေကို ပြောင်းလဲပေးတဲ့ နည်းပညာဆိုင်ရာတီထွင်မှုတွေဖြစ်ပါတယ်။ 🟦 AR ကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိပြီးသားအရာတွေကို Digital Object များထည့်သွင်းပြီး ပြသတာဖြစ်ပြီးတော့ Smartphone တွေ Tablet တွေစတဲ့ Device (Must has AR Camera) တွေကိုအသုံးပြုပါတယ်။ Google Lens ဒါမှမဟုတ် IKEA Place App စတဲ့ AR Technology တွေက User တွေကို ပုံမှန်ထက်ပိုမို Develop ဖြစ်တဲ့ အမြင်တစ်ခုရရှိပြီးတော့ Room အတွင်း Furniture တွေ Decorate လုပ်တာတွေ ကျွန်တော်တို့ ထည့်မယ့် Furniture တွေကအခန်းအတွင်း အချိုးကျလား Fit ဖြစ်လားဆိုတာကို ကြည့်ရှုနိုင်ပါတယ်။ Example: AR Game App - Pokémon GO. 🟦 VR ကတော့ User တွေကို အသစ် Create ထားတဲ့ Digital World ထဲကို ဝင်ရောက်ဖို့အတွက် Technology ဖြစ်ပြီးတော့ VR Headset တွေကိုအသုံးပြုရတာဖြစ်ပါတယ်။ VR ကတော့ ကျွန်တော်တို့ Environment နဲ့လုံးဝ ကွဲပြားပြီးတော့ 360 Degree လှည့်နိုင်တဲ့အပြင် Sound တွေ Simulation တွေကို Support ပေးပါတယ်။ Example အနေနဲ့တော့ Oculus Quest တွေ Meta Quest စတဲ့ VR Headset များက ကျွန်တော်တို့ Game ဆော့တာတွေ Open World ကိုလှည့်ပတ်သွားလာလို့ရတာတွေ စတဲ့ အတွေ့အကြုံတွေပေးနိုင်သလို Medical ဆိုင်ရာခွဲစိတ်မှုသင်ကြားရေးတွေ Aviation သင်ကြားရေး စတဲ့ နယ်ဘယ်များမှာ အသုံးပြုကြပါတယ်။ Example: VR Game App - Beat Saber. AR နဲ့ VR တွေက တူညီမှုတွေရှိပေမယ့်လည်း ကွဲပြားချက်နားချက်တွေလည်းရှိပါတယ်။ AR ကကြတော့ ကျွန်တော်တို့ လက်ရှိ Environment ကို Develop ပေးတာဖြစ်ပြီးတော့ User ကတော့ ကျွန်တော်တို့ Environment ကိုမြင်ရတဲ့အခါ အခြား Digital Object တွေ 3D Object တွေစတဲ့အရာတွေကိုမြင် နိုင်ပါတယ်။ VR ကတော့ လက်ရှိ Environment နဲ့မပတ်သတ်ဘဲ အသစ် Create ထားတဲ့ Environment အတွင်းကိုဝင်ရောက်တာဖြစ်ပါတယ်။ နည်းပညာနှစ်ခုစလုံးက ဂိမ်းလောကတွင်သာမက, ကျောင်းများတွင် သင်ကြားရေး၊ ဆေးဘက်ဆိုင်ရာ သင်တန်းများ, အလုပ်သင်မောင်းနှင်ရေး, စီးပွားရေးဆိုင်ရာ အရောင်းအဝယ် စသည်ဖြင့် အသုံးပြုမှုများရှိပါတယ်။ နောက်လာမည့် နည်းပညာလောကတွင် AR နှင့် VR တွေ လူများရဲ့ ပတ်ဝန်းကျင်အမြင်များနှင့် အတွေ့အကြုံများကို ဆန်းသစ်ပြီး နောက်ထပ်အဆင့်သို့ ရောက်စေမည့် နည်းလမ်းများအဖြစ် သတ်မှတ်နိုင်ပါတယ်။ 📮admin@skillfusion.tech 🌐 www.skillfusion.tech

Knowledge Sharing
26 Jan 2025
Article Image

AI Workshop

AI ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် SkillFusion က Free Workshop တစ်ခုယူဆောင်လာခဲ့ပါပြီ။ “Building a Classification AI Model” ဆိုတဲ့ ဒီ Webinar မှာ 🤖 Data Preprocessing 🤖 Model Building 🤖 Model Evaluation တွေအကြောင်းကို Sharing လုပ်ပေးသွားမှာဖြစ်ပြီး Machine Learning Course မဟုတ်ဘဲ Basic Workshop ဖြစ်လို့ Beginner တွေလည်း စိတ်ချလက်ချတက်ရောက်နိုင်ပြီး Train ရလွယ်တဲ့ Model တစ်ခု Train နည်းကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ တက်ရောက်မဲ့သူတွေအနေနဲ့ Python Basic သိထားရင် ပိုအဆင်ပြေတယ်ဆိုပေမဲ့ Programming Knowledge မရှိသေးတဲ့သူတွေလည်း လက်ရှိ Trend ဖြစ်နေတဲ့ AI တွေကို ဘယ်လို Train ပြီး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အခြေခံလေးသိသွားနိုင်ပါတယ်။ Workshop မှာ Train မဲ့ AI က အောက်မှာပေးထားတဲ့ Survey Form ရဲ့ Data တွေကနေတစ်ဆင့် Train ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး Google Colab ကိုသုံးသွားမှာမို့ Laptop ထဲမှာ Compilar မရှိရင်လည်း အဆင်ပြေပါတယ်။ Register Form - https://forms.gle/uNsPN1eN3tefF46T7 Survey Form - https://forms.gle/MFFnYUVUbqYqazbq8 Workshop Details ================== 🗒️ Date: 16.1.2024 ⏰ Time: 8:00 PM ⌛ Duration: 1 Hour 🌐 Platform : Zoom

Workshop
16 Jan 2025
Article Image

What is Python?

Programming ကို စိတ်ဝင်စားလို့ စပြီးလေ့လာမဲ့သူတွေအတွက် Python ကို စတင်ထိတွေ့ဖို့ရာခိုင်နှုန်းများပါတယ်။ Python ကရိုးရှင်းလွယ်ကူတဲ့ စံပြ High-Level Programming Language တစ်ခုဖြစ်ပါတယ်။ Python ကို Guido van Rossum မှ 1980 နှောင်းပိုင်းတွင် စတင်ရေးသားခဲ့ပြီး 1991 ခုနှစ်မှာ ပထမဆုံး Version (Python 0.9.0) ကို ထုတ်ဝေခဲ့ပါတယ်။ Python ရဲ့ Design Philosophy က Code တွေကို ရိုးရှင်းပြီး ဖတ်ရလွယ်ကူစေဖို့ ရည်ရွယ်ထားပါတယ်။ အခုချိန်မှာ Python က Web Development, Data Science, Artificial Intelligence, Machine Learning, Game Development, Automation စတဲ့ နယ်ပယ်များစွာမှာ အသုံးပြုနေတဲ့ လူကြိုက်အများဆုံး Programming Language တစ်ခုဖြစ်လာပါတယ်။ ဘာကြောင့် Python ကို သင်ယူသင့်တာလဲ? 🟦 သင်ယူရလွယ်ကူခြင်း Python ရဲ့ Syntax ကရိုးရှင်းပြီး English Language နှင့် ဆင်တူပါတယ်။ ဒါကြောင့် Programming Language အသစ်စတင်လေ့လာသူများအတွက် အထူးသင့်တော်ပါတယ်။ ဥပမာ - "Hello, World!" Program ကို Python မှာ print("Hello, World!") ဆိုပြီး တစ်ကြောင်းတည်းနဲ့ ရေးနိုင်ပါတယ်။ 🟦 အသုံးချနိုင်တဲ့နယ်ပယ်များစွာရှိခြင်း Python ကို Web Development, Data Science, Artificial Intelligence, Machine Learning, Game Development, Automation, Cybersecurity, IoT (Internet of Things) စတဲ့ နယ်ပယ်များစွာမှာ တစ်ပြိုင်တည်း အသုံးပြုနိုင်ပါတယ်။ 🟦 Libraries နှင့် Frameworks များစွာရှိခြင်း Python တွင် NumPy, Pandas, TensorFlow, Django, Flask, Pygame, Matplotlib, Seaborn, Scikit-Learn, PyTorch အစရှိတဲ့ Libraries နှင့် Frameworks များစွာပါဝင်ပြီး၊ ဒီ Tools တွေက သင့်ရဲ့ Project များကို ပိုမိုလွယ်ကူချောမွေ့စေပါတယ်။ 🟦 Cross-Platform Compatibility Python က Windows, macOS, Linux စတဲ့ Operating Systems အားလုံးမှာ Run နိုင်ပါတယ်။ ဒါကြောင့် မည်သည့် Platform မှာမဆို Python ကို အသုံးပြုနိုင်ပါတယ်။ 🟦 ကြီးမားတဲ့ Community ထောက်ခံမှု Python ကိုကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုသူများပြားတဲ့အတွက်၊ မည်သည့် Error မျိုးနဲ့ကြုံကြုံ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ Stack Overflow, GitHub, Reddit စတဲ့ Platform တွေမှာ Python နဲ့ပတ်သက်တဲ့ အကူအညီများကို အလွယ်တကူရှာဖွေနိုင်ပါတယ်။ 🟦 အလုပ်အကိုင်အခွင့်အလမ်းများ Python ကလက်ရှိမှာ အလုပ်အကိုင်အခွင့်အလမ်းအများဆုံး Programming Language တစ်ခုဖြစ်ပြီး၊ Data Scientist, Web Developer, AI Engineer, Software Developer, DevOps Engineer စတဲ့ နေရာများမှာ မရှိမဖြစ် Skills တစ်ခုဖြစ်ပါတယ်။ Python ကို အသုံးပြုတဲ့ နယ်ပယ်များ 🟦 Web Development Django, Flask လိုမျိုး Frameworks တွေကို အသုံးပြုပြီး Dynamic Website တွေနဲ့ Web Application များကို ဖန်တီးနိုင်ပါတယ်။ 🟦 Data Science Data တွေကို စုဆောင်း၊ စိစစ်၊ ဆန်းစစ်၊ ပုံဖော်ခြင်း (Data Visualization) စတဲ့ အလုပ်များအတွက် Pandas, Matplotlib, Seaborn ကဲ့သို့ Libraries များကို အသုံးပြုပါတယ်။ 🟦 Machine Learning & Artificial Intelligence Machine Learning Model များဖန်တီးခြင်း၊ Data များမှ အချက်အလက်များခန့်မှန်းခြင်း စတဲ့ AI နဲ့ပတ်သက်တဲ့ လုပ်ငန်းများအတွက် TensorFlow, PyTorch, Scikit-Learn ကဲ့သို့ Tools များကို အသုံးပြုပါတယ်။ 🟦 Game Development Pygame ကဲ့သို့ Tools များဖြင့် 2D Game များကို ဖန်တီးနိုင်ပါတယ်။ 🟦 Automation နေ့စဉ်လုပ်ငန်းစဉ်များကို အလိုအလျောက်လုပ်ဆောင်နိုင်ရန် Script များရေးသားခြင်းဖြင့် အချိန်ကုန်သက်သာစေပါတယ်။ 🟦 Mobile Application Development Kivy ကဲ့သို့ Frameworks များဖြင့် Mobile Application များကို ဖန်တီးနိုင်ပါတယ်။ 🟦 Cybersecurity Python ကို Hacking Tools များဖန်တီးခြင်း၊ Network Security ဆိုင်ရာ Script များရေးသားခြင်းအတွက် အသုံးပြုပါတယ်။ 🟦 IoT (Internet of Things) Raspberry Pi ကဲ့သို့ Devices များနှင့် Python ကို အသုံးပြု၍ Smart Devices များဖန်တီးနိုင်ပါတယ်။ Python ရဲ့ အားသာချက်များ ● Open Source - Python ကအခမဲ့ဖြစ်ပြီး၊ မည်သူမဆို ပြင်ဆင်အသုံးပြုနိုင်ပါတယ်။ ● Object-Oriented Programming (OOP) - Python သည် OOP ကို ထောက်ပံ့ပေးပြီး၊ Code များကို ပိုမိုစနစ်ကျစေပါတယ်။ ● Dynamic Typing - Variable များကို Data Type သတ်မှတ်စရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Python ကစတင်လေ့လာဖို့လွယ်ကူပြီး၊ နယ်ပယ်စုံမှာ အသုံးပြုနိုင်တဲ့ Programming Language တစ်ခုဖြစ်ပါတယ်။ သင့်ကို နည်းပညာလောကထဲမှာ အောင်မြင်မှုရရှိစေဖို့ အကောင်းဆုံး လမ်းပြပေးနိုင်မယ့် Language တစ်ခုလည်းဖြစ်ပါတယ်။ 📮admin@skillfusion.tech 🌐 www.skillfusion.tech

Knowledge Sharing
11 Jan 2025
Article Image

Unity Game Development

Game Development ကို စိတ်ဝင်စားတဲ့သူတွေအတွက် Unity Game Development Course ကို Register လုပ်ပြီး တက်ရောက်နိုင်ပါပြီ။ ဒီ Course ထဲမှာ Unity Engine ရဲ့ သဘောသဘာဝတွေနဲ့ သူ့ကိုသုံးပြီး Game တွေဖန်တီးနိုင်ဖို့ အဓိကကျတဲ့ ပညာရပ်တွေကို စနစ်တကျသင်ကြားပေးသွားမှာဖြစ်လို့ အချိန်တိုအတွင်း Game တစ်ခုရေးဆွဲချင်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့အတန်းဖြစ်ပါတယ်။ သင်တန်းရဲ့ ပထမဆုံး Lesson 2ခုကို လည်း SkillFusion မှာ account ဖွင့်ထားတာနဲ့ Free လေ့လာလို့ရမှာဖြစ်ပါတယ်။ သင်တန်းကို အစ အဆုံးတက်ရောက်ချင်ရင်တော့ ယခု Game Development Courseကို Enrollလုပ်ရမှာ ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ (၂၅၀,၀၀၀)​ ကျပ်ကျသင့်မှာဖြစ်ပြီး Early Bird Discount အနေနဲ့ ပထမဆုံး (၁၀)​ ဦးကို (၂၀) ရာခိုင်နှုန်း Discount ပေးသွားမှာဖြစ်လို့ (၂၀၀,၀၀၀) ကျပ် သာကျသင့်မှာဖြစ်ပါတယ်။ သင်တန်းအပ််ရန် >> https://skillfusion.tech/course_details.php?courseID=48 📮admin@skillfusion.tech 🌐 www.skillfusion.tech

Course
27 Dec 2024
Article Image

SkillFusion Launch Event

SkillFusion ကို Launch စပြီးလုပ်တဲ့အနေနဲ့ အားလုံးနဲ့လည်း ရင်းနှီးပြီးသားဖြစ်သွားအောင် Webinar လေးတစ်ခုနဲ့ USDT Giveaway လေးတစ်ခုပေးဖို့ စီစဉ်ထားပါတယ်။ ဒီ Webinar မှာ SkillFusion ရဲ့ Roadmap တွေ၊ အခုလက်ရှိဖွင့်လှစ်ထားတဲ့ C Programming Class နဲ့ Unity Game Dvelopment Course အကြောင်းကို Deep Down ရှင်းပြပေးသွားမှာဖြစ်ပြီး နောက်ထပ်ဆက်ပြီးဖွင့်မဲ့ အတန်းတွေအကြောင်းကိုလည်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး Live Demo Workshop တော့မဟုတ်ပေမဲ့ SkillFusion ရဲ့ Instructor Ko Swan Htet ကိုယ်တိုင် Unity Engine ကိုသုံးပြီး ရေးထားခဲ့ဖူးတဲ့ Game Project တွေကို Demostration ပြသွားဖို့ရှိပါတယ်။ ဒါကြောင့် အခု Webinar ကို Programming နဲ့ Unity Game Development ကို စိတ်ဝင်စားတဲ့ Beginner တွေအနေနဲ့ အချိန်ပေးပြီးတက်ရတာ တန်စေရမယ်လို့ ကျွန်တော်တို့ဘက်က အာမခံပါတယ်ခင်ဗျာ။ Webinar အဆုံးမှာတော့ Christmas Giveaway အနေနဲ့ Binanceကနေ Total USDT 50 ကို random ပေးသွားမှာမို့ Community တစ်ခုလည်းတည်ဆောက်ရင်း Programming လည်းလေ့လာရင်းဖြစ်သွားအောင် ဆက်ဆက်လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ… Webinar ကို တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါ linkလေးကနေ 26 ရက်နေ့ နေ့လည် 3နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါတယ်ဗျ Registration Form - https://forms.gle/GoJE5oYVXV2fbkXm6 🗒️ Date : 26.12.2024 ⏰ Time : 8:00 PM 🌐 Platform : Zoom

Workshop
26 Dec 2024
Article Image

C Programming Class

C Programming Class အတွက် Register လုပ်လို့်ရပါပြီ 📔 Programming ကို စတင်လေ့လာချင်တဲ့သူတွေအတွက် C Programming Class ကို Skill Fusion က ယူဆောင်လာခဲ့ပါပြီ။ Website မှာ သင်ခန်းစာတွေကို တင်ထားပြီးဖြစ်တာမို့ ကိုယ်အဆင်ပြေတဲ့အချိန်တိုင်း Flexible Learning Hours တွေသတ်မှတ်ပြီး စိတ်တိုင်းကျ သင်ယူနိုင်မှာဖြစ်ပြီး သင်ခန်းစာ တစ်ခုပြီးသွားတိုင်းလည်း Quiz လေးတွေဖြေရမှာဖြစ်ပါတယ်။ ဒီအတန်းကို Programming ကို အခြေခံ Theory တွေကစလို့ စနစ်တကျသင်ကြားပေးသွားမှာမို့ အခုမှစပြီးလေ့လာမဲ့ Beginner တွေအတွက် အထူးသင့်တော်တဲ့ အတန်းတစ်တန်းဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ (၆၀,၀၀၀)​ ကျပ်ကျသင့်မှာဖြစ်ပြီး ပထမဆုံးအပ်တဲ့ ကျောင်းသား (၁၀) ဦးကို Early Bird Discount (၂၀)​ ရာခိုင်နှုန်းလျှော့ပေးသွားမှာဖြစ်လို့ (၄၆,၀၀၀) ထဲနဲ့ Register လုပ်နိုင်မှာဖြစ်လို့ စောစောအပ်လေ များများပိုတန်လေပါပဲ။ 📮admin@skillfusion.tech 🌐 www.skillfusion.tech

Course
18 Dec 2024
Article Image

Game Development

Game Development စိတ်ဝင်စားတယ်ဆိုရင် မဖြစ်မနေလေ့လာသင့်တာကတော့ Unity 3D Game Develpment ပါပဲ။ Unity ဆိုတာ 3D, 2D, Virtual Reality(VR) နဲ့ Augumented Reality(AR) Game တွေဖန်တီးဖို့အတွက် အရမ်းကောင်းတဲ့ Game Engine တစ်ခုဖြစ်ပါတယ်။ Unity က အသုံးပြုရတာလွယ်ကူပြီး Begineer Level ကနေ Professional Level Developer တွေအထိ အခက်အခဲမရှိအသုံးပြုနိုင်တဲ့ Game Engine တစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ Unity က အချိန်တိုအတွင်း Game တွေဖန်တီးချင်တဲ့ Developer တွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီး 3D Game Development အတွက် ခိုင်မာတဲ့ အခြေခံတွေရယူနိုင်ပါတယ်။ Unity မှာ Asset Store တစ်ခုပါဝင်ထားပြီး 3D Model, Scripts, Tools တွေကို အလွယ်တကူရယူနိုင်ပါတယ်။ ဒါ့အပြင် Cross-Platform Development ကို ထောက်ပံ့ပေးထားပြီး iOS, Android, PC, Console စတဲ့ Platform တွေအတွက်လည်း Game Build လုပ်နိုင်ပါတယ်။ Unity က Extensibility ရှိတဲ့ Engine တစ်ခုဖြစ်ပြီး C# Programming Language ကို အသုံးပြုပြီး Game Logic နဲ့ System တွေကို Customize လုပ်နိင်ပါတယ်။ Visual Editor ပါဝင်တာကြောင့် Drag-and-Drop Functionality သုံးပြီး UI Design နဲ့ Object Placement တွေကို လွယ်ကူစွာဖန်တီးနိုင်မှာဖြစ်လို့ Game Develper တွေအတွက် အရမ်းကိုကောင်းတဲ့ Game Engine တစ်ခုဖြစ်ပါတယ်။ Skill Fusion မှာလည်း မကြာခင် Unity 3D Gane Development အတန်းတွေဖွင့်လှစ်သွားဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦး။​ 📮admin@skillfusion.tech 🌐 www.skillfusion.tech

Knowledge Sharing
16 Dec 2024
Article Image

What is C Programming?

C Programming ဆိုတာ Linux, Windows တို့လို Operating System တွေ၊ MySQL တို့လို Database System တွေနဲ့ Arduino, Microcontrollers တို့လို Embedded System တွေကို ဖန်တီးဖို့အတွက် အခြေခံကျတဲ့ Programming Language တစ်ခုဖြစ်ပါတယ်။ ဥပမာပြောရရင် အခုလက်ရှိအသုံးပြုနေကြတဲ့ Linux Operating System ကို C Programming Language ကို အသုံးပြုဖန်တီးထားပြီး အခုချိန်ထိ Kernel-Level Programming ကို C နဲ့ ရေးသားနေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင် C Programming Language က Hardware နဲ့ နီးစပ်ပြီး Direct Communication လုပ်လို့ရတဲ့ Low-Level Language ဖြစ်လို့ Memory Management ကို ထိထိရောက်ရောက် လေ့လာနိုင်ပါတယ်။ ဥပမာ Dynamic Memory Allocation သုံးဖို့အတက် malloc(), free() စတဲ့ Function တွေကို အသုံးပြုနိုင်ပါတယ်။ C Programming Language က Syntax တိကျပြီး Structure Programming ကို အခြေခံထားတာကြောင့် Programming Language အခြေခံမရှိသေးတဲ့သူတွေလည်း အလွယ်တကူသင်ကြားနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ C Programming Language သင်ပြီးပြီဆိုရင် Python, Java, C++ တို့လိုမျိုး High-Level Language တွေကိုလည်း အလွယ်တကူပဲ ဆက်ပြီးသင်ယူနိုင်ပါတယ်။ ဘာလို့လဲဆိုရင် C Programming Language မှာသုံးတဲ့ Loop Statements ကို for, while စတဲ့ Syntax တွေနဲ့ရေးပြီး တခြား Programming Language တွေမှာလည်း အသုံးပြုနိုင်လို့ဖြစ်ပါတယ်။ ဒါ့အပြင် C Programming က Industry-Standart Language ဖြစ်တာကြောင့် Software Developer, System Engineer, Firmware Developer စတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ တချို့ Project တွေမှာ Efficiency အလွန်လိုအပ်တာကြောင့် C Programming ကို အဓိကအသုံးပြုကြပါတယ်။ ဥပမာ Networking Tools တစ်ခုဖြစ်တဲ့ Wireshar က Performance သာလွန်မှုအတွက် C Programming Language နဲ့ ရေးသားထားတာဖြစ်ပါတယ်။​ ဒါကြောင့် Programming နဲ့ပတ်သက်တဲ့ Career တစ်ခုစတင်ချင်တယ်ဆိုရင် C Programming ကို မဖြစ်မနေသင်ယူလေ့လာထားဖို့လိုအပ်ပါတယ်။ Skill Fusion မှာလည်း မကြာခင် C Programming Language အတန်းတွေဖွင့်လှစ်သွားဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦး။​ 📮admin@skillfusion.tech 🌐 www.skillfusion.tech

Knowledge Sharing
15 Dec 2024
Network Status
Connection
Checking...
Download Speed
Testing...
Ping
Testing...
Connection Type
Detecting...