Agile ဆိုတဲ့ အခေါ်အဝေါ် ကို software development နယ်ပယ်ထဲရောက်နေသူများအဖို့ မကြာခဏကြားဖူးနေမယ့် terminology တခုဖြစ်နေမှာပါ
Agile Development ဆိုတာကတော့ customer တွေကို သူတို့လိုချင်တဲ့ product တွေ မြန်ဆန်စွာပေးနိုင်ဖို့သုံးတဲ့ project management framework တစ်ခုဖြစ်ပါတယ်။ Agile ရဲ့ အဓိကရည်ရွယ်ချက်ကတော့ product တခုလုံးကို တခါတည်း develop မည့်အစား အပိုင်းအသေးလေးတွေ ခွဲကာ customer feedback ကိုရယူပြီး တပိုင်းပီးတပိုင်း လုပ်ဆောင်သွားတဲ့ iterative & incremental methodology တခုဖြစ်ပါတယ်။
Agile Development ကို လက်ရှိမှာ Google, Facebook, Amazon တို့လို FANNG tech company ကြီးတွေကအစ အသုံးပြုနေပါတယ်။
Agile မှာ Scrum, Kanban, Lean, Crystal, XP စသဖြင့် framework အမျိုးအစားများစွာရှိပါတယ် ဒီနေ့ မှာတော့ industryမှာ အသုံးအများဆုံးဖြစ်တဲ့ Scrum Framework နှင့် ပတ်သက်ပြီး ပြောပြချင်ပါတယ် Scrum မှာ အဓိကအားဖြင့် Product Backlog, Sprint, Development Team, Daily Scrum, Sprint Review နဲ့ Sprint Retrospective ဆိုပြီး key terminologies 6ခုရှိပါတယ် အသေးစိတ်ကို အောက်မှာ တချက်ချင်းရှင်းပြချင်ပါတယ်
အရင်ဆုံး Scrum Frameworkမှာ ဘယ်သူတွေပါလဲ? Scrum Team မှာ အဓိကအားဖြင့် Product Owner, Scrum Master, Development Team ဆိုပြီး သုံးမျိုးခွဲနိုင်ပါတယ်
Product Owner ရဲ့တာဝန်ဝတ္တရားကတော့ Scrum Team တခုလုံးကို ဘယ်သူက ဘယ်တာဝန်လုပ်ရမလဲ ဆုံးဖြတ်ပေးပါတယ် ဒါ့အပြင် software development process တလျှောက်လုံး business လိုအပ်ချက်ရော customer လိုအပ်ချက်ပါ ကိုက်ညီအောင်ဆောင်ရွက်ပေးရပါသေးတယ် Stakeholders, customers တို့က လိုချင်တဲ့ Product Backlog တွေကို လက်ခံရယူပေးပြီး Agile-Scrum framework မှာထည့်သွင်းဖို့ အရေးကြီးဆုံး feature ကစပြီး အစီစဥ်လိုက် rank စီပေးရပါတယ်
Scrum Master ကတော့ Teamတခုလုံးရဲ့ လုပ်ဆောင်ချက်ကို Scrum principle နဲ့ကိုက်ညီမညီ ကြပ်မတ်ပေးရပြီး process တလျောက်ဖြစ်တဲ့ conflict တွေကိုလဲ ဖြေရှင်းပေးရပါသေးတယ်
Development Team မှာတော့ Developers, Testers တွေနဲ့ UIUX Designerများ ပါဝင်ပါတယ် team တခုလုံး အချိန်အဆက်မှန်မှန်နဲ့ အဆင်ပြေစွာဆောင်ရွက်နိုင်ဖို့ team members ၇ယောက်ထပ် မကျော်သင့်ပါဖူး
Scrum Frameworkမှာတော့ အဓိက Artifact အားဖြင့် Product Backlog, Sprint Backlog နဲ့ Sprint Burndown Chart တို့ ပါဝင်ပါတယ်
Product Backlog ကတော့ စောစောကပြောခဲ့တဲ့အတိုင်း Stakeholders တွေလိုချင်တဲ့ features တွေကို Product Owner က အရေးကြီးတဲ့ အရာတွေကိုဦးစားပေးထားတဲ့ feature lists တွေပဲဖြစ်ပါတယ် Backlog ထဲမှာ requirement အသစ်တွေသာမက ပြင်ချင်တဲ့ feature အဟောင်းတွေကိုလဲ ပြန်လည်ထည့်သွင်းလေ့ရှိပါတယ်
Sprint Backlog ဆိုတာကတော့ Sprint တစ်ခုဆီမှာ develop လုပ်မယ့် product feature lists တွေပါ ။ Development Team က priority အရစီထားပြီးဖြစ်တဲ့ Product Backlog တွေဆီက feature တွေကို 2ပတ်ကနေ 4ပတ်လောက်ထိရှည်တဲ့ Sprint Period တခုဆီမှာ ပြီးအောင် develop လုပ်ပေးနိုင်မယ့် ပမာဏကို ထည့်သွင်းထားတဲ့ lists ဖြစ်ပါတယ်။
Sprint Burndown Chart မှာတော့ Sprint တခုလုပ်နေစဥ် ပြီးသွားတဲ့ အလုပ် နဲ့ ကျန်သေးတဲ့ အလုပ်တွေကို ပြပေးနိုင်တဲ့ ဇယားတခုဖြစ်ပါတယ် ပေးထားတဲ့ အချိန်ကာလမတိုင်မီ ပြီးနိုင်မပြီးနိုင် Scrum Master ဘက်ကရော Development Team ဘက်ကပါ နေ့တိုင်း tracking လိုက်နိုင်မှာဖြစ်ပါတယ်
Scrum Framework မှာ Daily Scrum, Sprint Planning, Sprint Review နဲ့ Retrospective Meetingဆိုပြီး meeting 4ခုရှိပါတယ်
Daily Scrum မှာတော့ Development Team က လာမည့် 24နာရီအတွင်းလုပ်ဆောင်မည့် taskတွေကို စီစဥ်ရပါတယ် တနေ့မှာ 15minutes ခန့် နေ့စဥ်လုပ်ရတဲ့ meeting ဖြစ်ပါတယ်
Sprint Planning မှာတော့ Sprintတခုမှာ ဘယ်အလုပ်တွေပြီးအောင်လုပ်မလဲနဲ့ ဘယ်လိုလုပ်မလဲဆိုတာကို အဓိကဆွေးနွေးကြပါတယ် Product Owner, Scrum Master ရော Developement Team ပါ ပါဝင်ရပြီး တလလုံးပေါင်းမှ 8နာရီခန့် ရှိကြပါတယ်
Sprint Review နဲ့ Retrospective Meeting ကတော့ Sprint တခုချင်းဆီတိုင်းရဲ့ အဆုံးမှာ လုပ်လေ့ရှိပါတယ် Scrum Team တခုလုံး Sprint တခုထဲမှာ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကို Product Owner ကိုပြသရပြီး feedback ရယူရပါတယ် အချိန်ကာလအားဖြင့် 1လမှာ 4နာရီခန့်ရှိပါတယ် Retrospective Meeting မှာတော့ Team တခုလုံးSprint တလျောက်လုပ်ခဲ့တဲ့အလုပ်တွေကို ပြန်လည်သုံးသပ်ခြင်းဖြစ်ပြီး နောက် Sprintမှာ ပိုကောင်းအောင်လုပ်ဆောင်နိုင်ရန် ဆွေးနွေးလေ့ရှိပါတယ် Sprint Review အပြီးမှာ လုပ်လေ့ရှိပြီး 1လမှာ ကြာချိန် 3နာရီခန့်ရှိပါတယ်
အကျဥ်းချုပ်ပြန်ပြောရရင်တော့ Product Owner က Stakeholders တွေလိုချင်တဲ့ features တွေကို Product Backlog ထဲ priority ဆီပြီးထည့်တယ် အဲ့တာကို Sprint Planning Meeting မှာ Sprint တခုချင်းဆီအတွက် Sprint Backlog တွေခွဲပါတယ် ပြီးရင်တော့ 4ပတ်ခန့်ကြာလေ့ရှိတဲ့ Sprint တခုကိုစတင်ကြပြီး နေ့တိုင်း Sprint Meeting လုပ်ကာ Burndown Chart ဖြင့်work progressကို Trackingလုပ်ပါတယ် Scrum Master ကလည်း Sprint တလျောက် manage လုပ်ပေးရပါတယ် Sprint တခုချင်းဆီရဲ့အဆုံးမှာတော့ Product Owner ရဲ့ feedback ကို ရယူဖို့ Sprint Meeting နဲ့ Sprint တလျောက်လုပ်ခဲ့သမျှတွေကို review ဖို့ Retrospective Meeting ကို လုပ်ကြပါတယ်
ဒါကတော့ Agile-Scrum Framwork ကို သုံးပြီး develop လုပ်ကြတဲ့ Software Developement Industrial တွေရဲ့ product development cycle ပါ အသုံးများနေတဲ့ methodology တခုဖြစ်လို့ လုပ်ငန်းခွင်ကို ဝင်ဖို့ပြင်နေတဲ့ Developerတွေအဖို့ သိသားသင့်တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်
#Agile #Scrum #SkillFusion