Large Language Model (LLM)
Large Language Model (LLM)
Large Language Model (LLM) ဆိုတာဘာလဲ? 🤖📚
Large Language Model (LLM) ဆိုတာက ကျွန်တော်တို့လူသားတွေပြောတဲ့ စကားတွေကို နားလည်ပြီး ကျွန်တော်တို့ပြောတဲ့ စကားတွေနဲ့တူတဲ့ စာသားတွေကို ပြန်လည် Response လုပ်ပေးနိုင်တဲ့ AI Model တစ်မျိုးဖြစ်ပါတယ်။ LLM တွေကို Book တွေ၊ Web Page တွေ၊ New တွေတဲ့ Big Data Set တွေနဲ့လေ့ကျင့်ထားပြီးတော့၊ Languages တွေရဲ့ ဖွဲ့စည်းပုံတွေ၊ ဆက်စပ်မှုတွေနဲ့ Grammar တွေကို ခန့်မှန်းနိုင်စွမ်းရှိပါတယ်။ ဥပမာအားဖြင့် - GPT (Generative Pretrained Transformer) က LLM ရဲ့ အကျော်ကြားဆုံး Sample တစ်ခုဖြစ်ပါတယ်။
LLM တွေကို ဘယ်နေရာတွေမှာ အသုံးပြုလဲ? 🌐💬
LLM တွေကို Chatbots တွေ၊ Text Generate လုပ်တာတွေ၊ Translation လုပ်တာတွေ၊ Question-Answering System တွေစတဲ့ Multiple Fields တွေမှာ အသုံးပြုပါတယ်။ ဥပမာ -
🔷 Chatbots & Virtual Assistants - LLM တွေက User တွေမေးတာကိုနားလည်ပြီး ကျွန်တော်တို့ပြောနေကြ Natural Language နဲ့ Response ပြန်လုပ်ပေးနိုင်တဲ့ Siri တို့ Alexa တို့လို Chat တွေဖြစ်ပါတယ်။
🔷 Content Generation - Blog Posts တွေ Articles တွေ ဒါမှမဟုတ် Creative Writing တွေကိုလည်း Generate လုပ်ပေးနိုင်ပါတယ်။ Content Summary လုပ်တာတွေ Sentence ပြန်ရေးတာတွေစတဲ့ အရာတွေကိုလည်း LLM တွေကပြုလုပ်နိုင်ပါတယ်။
🔷 Question-Answering - ကျွန်တော်တို့ Quiz တွေဖြေလို့မသိတာတွေ နားမလည်တာတွေရှိရင်လည်း LLM ကိုသုံးပြီး ဖြေရှင်းလို့ရပါတယ်။
🔷 Medical & Legal Applications - LLM တွေကို ဆေးဘက်ဆိုင်ရာနယ်ပယ်တွေမှာလဲ Research တွေလုပ်ဖို့အတွက်သာမက Medical Report ရေးတာတွေမှာလဲတွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။
LLM ကိုသုံးတဲ့အခါ သိထားသင့်တဲ့ အချက်များ 💻🔧
LLM တွေက Powerful ဖြစ်သော်လည်း၊ LLM တွေကို အသုံးပြုတဲ့အခါ ကုန်ကျစရိတ်တွေ နဲ့ Data Security ကဲ့သို့သော စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာ- အချို့သော LLM တွေက Practice Data များတွင် ပါဝင်နေတဲ့ Biases တွေကို ထင်ဟပ်စေနိုင်ပါတယ်။ အက်တာကြောင့် ကျွန်တော်တို့ Real World မှာအသုံးချတဲ့အခါ Biases တွေ Ethical Compliance တွေကို အဓိကထားပြီး စစ်ဆေးရန် အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ Factual Accuracy ပါ။ ကျွန်တော်တို့က Response ပြန်လာတဲ့ Data တွေကဘယ်လောက်တိကျလဲ ဆိုတာကိုလည်းစစ်ဆေးရန် လိုအပ်ပါတယ်။