What is C Programming?
What is C Programming?
C Programming ဆိုတာ Linux, Windows တို့လို Operating System တွေ၊ MySQL တို့လို Database System တွေနဲ့ Arduino, Microcontrollers တို့လို Embedded System တွေကို ဖန်တီးဖို့အတွက် အခြေခံကျတဲ့ Programming Language တစ်ခုဖြစ်ပါတယ်။ ဥပမာပြောရရင် အခုလက်ရှိအသုံးပြုနေကြတဲ့ Linux Operating System ကို C Programming Language ကို အသုံးပြုဖန်တီးထားပြီး အခုချိန်ထိ Kernel-Level Programming ကို C နဲ့ ရေးသားနေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင် C Programming Language က Hardware နဲ့ နီးစပ်ပြီး Direct Communication လုပ်လို့ရတဲ့ Low-Level Language ဖြစ်လို့ Memory Management ကို ထိထိရောက်ရောက် လေ့လာနိုင်ပါတယ်။ ဥပမာ Dynamic Memory Allocation သုံးဖို့အတက် malloc(), free() စတဲ့ Function တွေကို အသုံးပြုနိုင်ပါတယ်။
C Programming Language က Syntax တိကျပြီး Structure Programming ကို အခြေခံထားတာကြောင့် Programming Language အခြေခံမရှိသေးတဲ့သူတွေလည်း အလွယ်တကူသင်ကြားနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ C Programming Language သင်ပြီးပြီဆိုရင် Python, Java, C++ တို့လိုမျိုး High-Level Language တွေကိုလည်း အလွယ်တကူပဲ ဆက်ပြီးသင်ယူနိုင်ပါတယ်။ ဘာလို့လဲဆိုရင် C Programming Language မှာသုံးတဲ့ Loop Statements ကို for, while စတဲ့ Syntax တွေနဲ့ရေးပြီး တခြား Programming Language တွေမှာလည်း အသုံးပြုနိုင်လို့ဖြစ်ပါတယ်။
ဒါ့အပြင် C Programming က Industry-Standart Language ဖြစ်တာကြောင့် Software Developer, System Engineer, Firmware Developer စတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ တချို့ Project တွေမှာ Efficiency အလွန်လိုအပ်တာကြောင့် C Programming ကို အဓိကအသုံးပြုကြပါတယ်။ ဥပမာ Networking Tools တစ်ခုဖြစ်တဲ့ Wireshar က Performance သာလွန်မှုအတွက် C Programming Language နဲ့ ရေးသားထားတာဖြစ်ပါတယ်။
ဒါကြောင့် Programming နဲ့ပတ်သက်တဲ့ Career တစ်ခုစတင်ချင်တယ်ဆိုရင် C Programming ကို မဖြစ်မနေသင်ယူလေ့လာထားဖို့လိုအပ်ပါတယ်။ Skill Fusion မှာလည်း မကြာခင် C Programming Language အတန်းတွေဖွင့်လှစ်သွားဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦး။
📮admin@skillfusion.tech
🌐 www.skillfusion.tech