Donation Courses
Donation Courses
မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားများရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရအတွက် SkillFusion အဖွဲ့သားများအနေနှင့်လည်း များစွာ စိတ်ထိခိုက်ခံစားခဲ့ရပါတယ် ဒါကြောင့် ယခုအချိန်မှာ ပြန်လည်ထူထောင်ရေးမှာ လုပ်အားရော ငွေအားပါ စွမ်းစွမ်းတမံပါဝင်အားဖြည့်ပေးနေသောသူများအတွက် ကျွန်တော်တို့ဘက်က တနေ့တချိန် မိမိတို့ Skill အတွက် အထောက်အကူပြုပေးနိုင်မယ့် Free Course လေးတွေ Offer ပေးမယ့် Campaign လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
Campaign လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ငလျင်ဒေသအတွက် မိမိတို့တက်နိုင်သည့်ဘက်မှ အလှူငွေများကူညီနေကြသူများ ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် သက်စွန့်စံဖျား ကြိုးစားပေးနေကြသူများကို ကျေးဇူးတင်ချင်လိုခြင်းဖြစ်ပါတယ်
SkillFusion မှာ Free အဖြစ် တက်ရောက်နိုင်သော Course များ
👨🏽💻1. Introduction to C Programming
🐍 2. Introduction to Python programming
🎮 3. Introduction to Unity Game Development
ဘယ်သူတွေ အခမဲ့ တက်ရောက်ခွင့်ရှိမလဲ
- ငလျင်ဘေးအတွက် လှူဒါန်းခဲ့သော Certificate သို့မဟုတ် အခြားအထောက်အထားရှိသူများ
- ငလျင်ဘေးတွင် Volunteer အဖြစ်ပါဝင်ခဲ့သူများ
ဘယ်လို အခမဲ့ အပ်လို့ရမလဲ
1. ငလျင်ဘေးအတွက် လှူဒါန်းခဲ့ပြီး သော Certificate သို့မဟုတ် အခြားအထောက်အထား တခုခုကို skillfusion.tech မှာရှိတဲ့ Donation Courses Section မှ မိမိတက်ရောက်လိုသော သင်တန်းရဲ့ Enrollment Form တွင် Upload ပေးရပါမယ်
2. Certificate ကိုတင်လိုက်ပြီဆိုတာနဲ့ Admin ဘက်က အထောက်အထားမှန်ကန်မှူ ရှိမရှိစစ်ဆေးပါမယ်
3. မှန်ကန်တယ်ဆိုတာနဲ့ Approve လုပ်သွားမှာဖြစ်ပြီး တက်ရောက်သူရဲ့ data လုံခြုံမှုကို အလေးထားသည့်အနေဖြင့် ထို data ကို Delete လုပ်သွားမှာဖြစ်ပါတယ်
သင်တန်းအားလုံးမှာ mini projects များဝင်ပြီး အဆုံးထိတက်ရောက်သူများကို Certificate များလည်း ပေးအပ်သွားမှာဖြစ်ပါတယ်
Please Note : ကျွန်တော်တို့ဘက်မှ လက်ရှိမှာ မည့်သည့်လှူဒါန်းမှုများကိုမှ တာဝန်ခံခြင်းမလုပ်ထားသေးပါဖူး လှူဒါန်းမှုများကိုတော့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ဒေသများမှာ လက်တွေ့လုပ်ဆောင်နေတဲ့ ယုံကြည်ရတဲ့ NGO များနှင့် အခြားသောမြေပြင် အဖွဲ့အစည်းများကိုပဲ တိုက်ရိုက်လှူဒါန်းဖို့ လေးစားစွာ တိုက်တွန်းပါရစေ
လှူဒါန်းလို့ ရနိုင်မယ့်နေရာများကို လည်း ကျနော်တို့ Website
မှာ အတတ်နိုင်ဆုံးထည့်သွင်းပေးထားပါတယ်ဗျ။
မြန်မာပြည်သူပြည်သားများအားလုံး မကြာခင် ဘေးရန်ကင်းကွာ စိတ်ချမ်းသာစေဖို့ ကျွန်တော်တို့ SkillFusion မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေခင်ဗျာ။
Free Course များရယူရန် - https://skillfusion.tech/all_donate_courses.php