Front-End Development
Front-End Development
Front-End Developer တိုင်းသိထားရမဲ့ Tech Stacks
Software Development လို့ဆိုလိုက်ရင် Web, Mobile, Cloud, Embedded စသဖြင့် နယ်ပယ်အများကြီးရှိကြပါတယ်။ ဒါကြောင့် Software Developer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ကိုယ် Emphasize လုပ်မယ့် Position ကိုလည်း ထပ်ပြီးရွေးချယ်ရပါတယ်။ ဒါမှသာ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းနဲ့ကိုက်ညီတဲ့ Programming Language တွေ၊ Library တွေ၊ Framework တွေကို ရွေးချယ်လို့ရမှာဖြစ်ပါတယ်။
ဒီနေ့ပြောပြချင်တာကတော့ 2025 မှာ Front-End We Developer လုပ်ဖို့ရွေးချယ်ထားတဲ့သူတွေအတွက် မဖြစ်မနေသိထားရမဲ့ Tech Stacks အကြောင်းပဲဖြစ်ပါတယ်။
Front-End Developer လုပ်တော့မယ်ဆိုရင် အရင်ဆုံးလေ့လာရမှာက HTML, CSS နဲ့ JavaScript ပါ။ HTML ကတော့ Website အတွက် Structure, Css ကတော့ Styling ပိုင်းဖြစ်ပြီး JavaScript ကတော့ Interactivity ပိုင်းဖြစ်ပါဝယ်။ လက်ရှိလုပ်ငန်းခွင်တွေမှာ အဲ့ဒီ Language တွေသီးသန့်သုံးပြီး Develop မလုပ်ကြတော့ပေမဲ့ အခြေခံသိထားရမဲ့အရာတွေဖြစ်လို့ ပိုင်နိုင်ထားဖို့လိုပါတယ်။
နောက်တစ်ဆင့်မှာ လေ့လာသင့်တာက Tailwind CSS ပါ။ Tailwind က CSS ရဲ့ Framework တစ်ခုဖြစ်ပြီး Pure CSS ထပ်အားသာတဲ့အချက်က Pre-Defined Classes တွေရှိတာဖြစ်ပြီး ကိုယ်တိုင်လည်း Customized လုပ်နိုင်သလို အသင့်ယူသုံးလို့လည်းရပါတယ်။ ဒါ့အပြင် Responsive ပိုင်းမှာ Build-in Utilities တွေထည့်ပေးထားလို့ sm; md; စသဖြင့်သုံးလိုက်ရုံနဲ့ Responsive အတွက် ချိန်ညှိပြီးသားဖြစ်မှာပါ။
နောက်တစ်ခုကတော့ Front-End Development အတွက် အချက်အချာဖြစ်တဲ့ JavaScript UI Library ရွေးချယ်ခြင်းပါ။ UI Libraries ထဲမှာဆိုရင် React.js, Vue.js, Angular နဲ့ Svelte ဆိုပြီးရှိပါတယ်။ ကိုယ်လုပ်တဲ့ Company နဲ့ Project ပေါ်မူတည်ပြီး Libraries ကွဲပြားသွားနိုင်ပါတယ်။ ဒီထဲမှာ နာမည်အရဆုံးနဲ့ Community Strong အဖြစ်ဆုံး Library ကို ရွေးပါဆိုရင် React.js ကိုပဲရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် React ရဲ့ State Management Tools တွေဖြစ်တဲ့ TanStack နဲ့ Redux Query တို့ကိုလည်း မမေ့သင့်ပါဘူး။ ဒီအထိကတော့ Front-End Developer ဖြစ်ချင်တယ်ဆိုရင် မဖြစ်မနေလေ့လာသင့်တာတွေပါ။
အခုကစပြီး 2025 မှာ Front-End Developer Position နဲ့ အလုပ်ဝင်နိုင်ဖို့ ထပ်မံလေ့လာသင့်တာတွေပါ။ ပထမဆုံးအနေနဲ့ JavaScript ကိုလေ့လာထားပြီးဖြစ်တဲ့အတွက် TypeScript ကို ဆက်လေ့လာသင့်ပါတယ်။ TypeScript ကတော့ JavaScript ကိုမှ Extra Functionality ထပ်ံပေါင်းထည့်ထားတဲ့ Programming Language တစ်ခုဖြစ်ပါတယ်။ JavaScript နဲ့မတူဘဲ TypeScript က Variable, Functions, Object စတာတွေကို Data Type သတ်မှတ်ပေးနိုင်ပြီး Error တွေကို Compile Time မှာတင် Catch လုပ်ပေးနိုင်လို့ Runtime Error ကို အများကြီးလျှော့ချပေးနိုင်ပါတယ်။ Interface, Generics, Enum စတဲ့ Feature တွေလည်းပါဝင်တာကြောင့် Large Project တွေအတွက် Scalability ကို ပိုကောင်းစေပါတယ်။
2025 ရဲ့ Front-End Developer အလုပ်ခေါ်စာတွေမှာ နေရာယူလာတဲ့ Technology တစ်ခုရှိပါတယ်။ Next.js ပါ။ Next.js ဟာ React ရဲ့ Framework တစ်ခုဖြစ်ပြီး React ရဲ့ လုပ်ဆောင်ချက်တွေအပြင် Static Site Generation, Server-Side Rendering တွေပါ ပါဝင်လာတာမို့ Back-End လုပ်ဆောင်ချက်တွေကိုပါ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ React လိုမျိုး Third-Party Routing System မလိုအပ်တော့ဘဲ Built-in Routing System ပါဝင်တာကြောင့် Performance အများကြီးကောင်းပါတယ်။ ဒါကြောင့်မို့ Next.JS က Front-End Tech Stacks ရဲ့ Mandatory Technology တစ်ခုဖြစ်လာပါတယ်။ ဒါဆိုရင် ပြီးပြည့်စုံပြီလားဆိုရင် ရာနှုန်းပြည့်တော့မဟုတ်သေးပါဘူး။ Shadcn UI, Zod စတဲ့ Library အချို့ကိုလည်း လေ့လာထားသင့်ပါတယ်။ Shadcn ကတော့ UI Library တစ်ခုဖြစ်ပြီး အခြား UI Library တွေနဲ့ မတူတဲ့အချက်က Dependencies တစ်ခုလုံးကြီး Project မှာ ထည့်သွင်းဖို့ မလိုခြင်းပါ။ ကိုယ်သုံးချင်တဲ့ Component ကိုသာ ထည့်သွင်းဖို့လိုပြီး ထည့်သွင်းပြီးတာနဲ့ Project ရဲ့ ကြိုက်တဲ့နေရာမှာ Customized လုပ်ပြီး Reusable လုပ်လို့ရတာမို့ Developer တွေအကြိုက်တွေ့လာကြပါတယ်။ Zod ကတော့ TypeScript ရဲ့ Schema Validation Library တစ်ခုဖြစ်ပြီး Developer Friendly ဖြစ်လာတာကြောင့် လေ့လာထားသင့်ပါတယ်။
အထက်မှာပြောခဲ့တဲ့ Tech Stacks တွေဟာ အကုန်ကျွမ်းကျင်နေမှ Front-End Developer ဖြစ်မှာလားဆိုရင် အဲ့လိုလည်းမဟုတ်သေးပါဘူး။ ဒါပေမယ့် သေချာတာကတော့ Tech တွေအကုန်လုံး အသုံးပြုနိုင်မယ်ဆိုရင် Front-End Developer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့က ပုံမှန်ထပ်အများကြီးလွယ်ကူစေမှာသေချာပါတယ်။ ကျွန်တော်တို့ SkillFusion မှာလည်း Web Development နဲ့ပတ်သက်ပြီး Course လေးတွေဖွင့်လှစ်ဖို့ရှိလို့ စိတ်ဝင်စားတယ်ဆိုရင် Page မှာစောင့်ကြည့်ပေးစေချင်ပါတယ်။
📮admin@skillfusion.tech
🌐 www.skillfusion.tech