AR & VR
AR & VR
AR နဲ့ VR နဲ့က အတူတူပဲလား? AR ကဘာလဲ၊ VR ကဘာလဲ၊ ဘာကွာတာလဲဆိုတဲ့သူတွေအတွက် AR နဲ့ VR အကြောင်းကို
အကြမ်းဖျင်းရှင်းပြပေးပါမယ်။
AR (Augmented Reality) နဲ့ VR (Virtual Reality) တွေက ကျွန်တော်တို့ လူသားတွေရဲ့ အတွေ့အကြုံတွေကို ပြောင်းလဲပေးတဲ့ နည်းပညာဆိုင်ရာတီထွင်မှုတွေဖြစ်ပါတယ်။
🟦 AR ကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိပြီးသားအရာတွေကို Digital Object များထည့်သွင်းပြီး ပြသတာဖြစ်ပြီးတော့ Smartphone တွေ Tablet တွေစတဲ့ Device (Must has AR Camera) တွေကိုအသုံးပြုပါတယ်။ Google Lens ဒါမှမဟုတ် IKEA Place App စတဲ့ AR Technology တွေက User တွေကို ပုံမှန်ထက်ပိုမို Develop ဖြစ်တဲ့ အမြင်တစ်ခုရရှိပြီးတော့ Room အတွင်း Furniture တွေ Decorate လုပ်တာတွေ ကျွန်တော်တို့ ထည့်မယ့် Furniture တွေကအခန်းအတွင်း အချိုးကျလား Fit ဖြစ်လားဆိုတာကို ကြည့်ရှုနိုင်ပါတယ်။ Example: AR Game App - Pokémon GO.
🟦 VR ကတော့ User တွေကို အသစ် Create ထားတဲ့ Digital World ထဲကို ဝင်ရောက်ဖို့အတွက် Technology ဖြစ်ပြီးတော့ VR Headset တွေကိုအသုံးပြုရတာဖြစ်ပါတယ်။ VR ကတော့ ကျွန်တော်တို့ Environment နဲ့လုံးဝ ကွဲပြားပြီးတော့ 360 Degree လှည့်နိုင်တဲ့အပြင် Sound တွေ Simulation တွေကို Support ပေးပါတယ်။ Example အနေနဲ့တော့ Oculus Quest တွေ Meta Quest စတဲ့ VR Headset များက ကျွန်တော်တို့ Game ဆော့တာတွေ Open World ကိုလှည့်ပတ်သွားလာလို့ရတာတွေ စတဲ့ အတွေ့အကြုံတွေပေးနိုင်သလို Medical ဆိုင်ရာခွဲစိတ်မှုသင်ကြားရေးတွေ Aviation သင်ကြားရေး စတဲ့ နယ်ဘယ်များမှာ အသုံးပြုကြပါတယ်။ Example: VR Game App - Beat Saber.
AR နဲ့ VR တွေက တူညီမှုတွေရှိပေမယ့်လည်း ကွဲပြားချက်နားချက်တွေလည်းရှိပါတယ်။ AR ကကြတော့ ကျွန်တော်တို့ လက်ရှိ Environment ကို Develop ပေးတာဖြစ်ပြီးတော့ User ကတော့ ကျွန်တော်တို့ Environment ကိုမြင်ရတဲ့အခါ အခြား Digital Object တွေ 3D Object တွေစတဲ့အရာတွေကိုမြင် နိုင်ပါတယ်။ VR ကတော့ လက်ရှိ Environment နဲ့မပတ်သတ်ဘဲ အသစ် Create ထားတဲ့ Environment အတွင်းကိုဝင်ရောက်တာဖြစ်ပါတယ်။
နည်းပညာနှစ်ခုစလုံးက ဂိမ်းလောကတွင်သာမက, ကျောင်းများတွင် သင်ကြားရေး၊ ဆေးဘက်ဆိုင်ရာ သင်တန်းများ, အလုပ်သင်မောင်းနှင်ရေး, စီးပွားရေးဆိုင်ရာ အရောင်းအဝယ် စသည်ဖြင့် အသုံးပြုမှုများရှိပါတယ်။ နောက်လာမည့် နည်းပညာလောကတွင် AR နှင့် VR တွေ လူများရဲ့ ပတ်ဝန်းကျင်အမြင်များနှင့် အတွေ့အကြုံများကို ဆန်းသစ်ပြီး နောက်ထပ်အဆင့်သို့ ရောက်စေမည့် နည်းလမ်းများအဖြစ် သတ်မှတ်နိုင်ပါတယ်။
📮admin@skillfusion.tech
🌐 www.skillfusion.tech