Game Development
Game Development
ဒီ Unity Short Course ကတော့ Unity Micro Course လေးရဲ့ အဆက်ဖြစ်ပါတယ်။ ဒီ Course မှာတော့ Game တစ်ခုအတွက် အရေးကြီးဆုံးစနစ်များဖြစ်တဲ့ Health System, Poison Effect, User Interface (UI), Item Collection, Enemy Creation, နှင့် တိုက်ခိုက်မှုစနစ် (Combat System) များကို လေ့လာနိုင်ပါမယ်။ ထို့အပြင် အသံထည့်သွင်းနည်းနှင့် Game ကို Export လုပ်ပြီး ဖန်တီးခဲ့သော Game ကို စနစ်တကျ ထုတ်နိုင်ရန်နည်းလမ်းများကိုလည်း သင်ကြားသွားမှာပါ။ သင်တန်းအဆုံးတွင် သင်၏ ကိုယ်ပိုင်ကစားနိုင်သော Game Prototype တစ်ခုရှိလာမှာဖြစ်ပြီး၊ Final Project တစ်ခုကိုလည်း သင်တန်းအပြီးမှာတင်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။
Kaka
Certificate
Not offered with this course
0 Days
4 - 3 Hours per day
Course Details
Duration
3 Months
Subject
Game Development
Fees
60000 MMK
ဘယ်သူတွေတက်သင့်လဲ?
- Health Point, Game Over Screen, Monster Attack စတဲ့ ဂိမ်းဗဟုသုတအချက်အလက်များကို အကောင်းဆုံးနားလည်ချင်သူများ
- UI Design, Sound Effect ထည့်သွင်းခြင်းများကို လေ့လာချင်သူများ
- ရိုးရှင်းတဲ့ ဂိမ်းတစ်ခုကို Build လုပ်ချင်သူများ
- Unity Game Developer, Indie Developer, XR Creator ဖြစ်ချင်သူများ
Course Curriculum
Module 6 :
Health Point
Player ရဲ့အသက်ထည့်နည်းကို Unity မှာဘယ်လိုဖန်တီးရမယ်ဆိုတာကို ဒီModuleတွင်လေ့လာသွားမှာဖြစ်ပါတယ်။ သွေး ၃ လုံးကို Unity ၏ canvas မှာပုံထည့်ခြင်း၊ Player သည် damage ခံရသည့်အခါ သွေးလျော့နည်းသွားအောင် Programming လုပ်ခြင်း၊ သွေး မကျန်တော့တဲ့အချိန် Game Over Logic နှင့်ချိတ်ဆက်ပေးခြင်းစသည်ဖြင့် Game Logic များနားလည်စေဖို့ ရည်ရွယ်ထားပါတယ်။
Module 7 :
Game Over Screen
ဒီModuleမှာ Game တစ်ခု၏အဆုံးသတ်ဖြစ်သော Game Over Screen ကို ဖန်တီးရမှာဖြစ်ပြီး၊ Game Over ဖြစ်သွားသည့်အချိန်မှာ အသုံးပြုသူထံမှ ထပ်မံစတင်နိုင်ခြင်း၊ Menu သို့ပြန်နိုင်ခြင်းစတဲ့ Option များပါဝင်သည်။ Unity UI မှာ Panel, Text, Button များဖြင့် Game Over UI တစ်ခုဖန်တီးပုံကိုလေ့လာရမှာဖြစ်ပါတယ်။
Module 8 :
UI Design
ဒီအခန်းသည် Game User Interface Design အခြေခံကိုသင်ကြားမှာဖြစ်ပြီး၊ Start Menu, Pause Menu, Options Panel တို့ကို ဖန်တီးနည်းများကို လေ့လာရမှာဖြစ်ပါတယ်။ Unity တွင် Button, Text, Slider များကို သုံးပြီး အသုံးပြုသူနှင့် သက်ဆိုင်ရာအချက်အလက်များကို Interaction ဖြစ်စေနိုင်အောင် ပြုလုပ်နည်းများပါဝင်သည်။ UI များသည် Game အတွင်း User Experience ကို ကောင်းမွန်စေမည့်အချက်ကြီးဖြစ်သောကြောင့် ဒီ Module သည် အရေးကြီးသင်ခန်းစာဖြစ်ပါသည်။
Module 9 :
Create Monster
ဒီ Module တွင် ဂိမ်းအတွင်း တွေ့ရသော Monster စတဲ့ obstacle တွေကို Unity 3D မှာ တည်ဆောက်နည်းကို လေ့လာရမှာဖြစ်ပါတယ်။ Monster ကရပ်မနေဘဲ movable obstacle တခုဖြစ်နေအောင် code ရေးသားရမှာဘဲဖြစ်ပါတယ်။
Module 10 :
Attack Monster
ဒီအခန်းတွင် Player နှင့် Monster တိုက်ခိုက်ရန် player ကို weapon တပ်ဆင်ပြီး သေနတ်ပစ်နိုင်အောင် စတဲ့ Logic များကို Programming လုပ်ပေးရပါမည်။ ထို့အပြင် monster ကိုထိရင် သွေးလျော့တာ စတာတွေကိုလည်း ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါက Unity ထဲမှာ Game Interaction တစ်ခုအဖြစ် အရေးကြီးသောအပိုင်းဖြစ်ပါတယ်။
Module 11 :
Sound
Game တစ်ခုအတွက် အသံကတော့ Atmosphere ဖန်တီးမှုမှာ အရေးကြီးပါတယ်။ ဒီ Module မှာတော့ Background Music, Sound Effect (Click Sound, Hit Sound) များကို Unity ထဲသို့ Import လုပ်နည်း၊ Audio Source နဲ့ Audio Clip အသုံးပြုပြီး Game Event များနှင့် ချိတ်ဆက်နည်းများကို လေ့လာသွားမှာဖြစ်ပါတယ်။
Module 12 :
Build Settings
နောက်ဆုံး Module ဖြစ်တဲ့ ဒီအခန်းမှာတော့ မိမိဖန်တီးပြီးသား Game ကို အပြင်အဆင်ပြုလုပ်ပြီး Export ထုတ်ဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ Unity Build Settings မှာ Game ရဲ့ Target Platform ကိုရွေးချယ်နည်း (Windows, Android, iOS စသည်ဖြင့်)၊ သင်ကြားသွားမည်ဖြစ်ပါတယ်။ ဒီ Module က မိမိဖန်တီးခဲ့တဲ့ ဂိမ်းကို တကယ်တမ်း Launch လုပ်နိုင်ဖို့အတွက် နောက်ဆုံးအဆင့်ဖြစ်ပါတယ်။