Flutter Mobile Part II
Flutter Mobile Part II
Flutter Mobile Part 2 သင်တန်းမှာ Mobile App Development အတွက် အရေးကြီးသောအကြောင်းအရာများကို လေ့လာသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးမှာ State Management ကို နားလည်သဘောပေါက်စေဖို့အတွက် setState, Provider, GetX ကဲ့သို့သော နည်းလမ်းများကို အသေးစိတ်ရှင်းပြသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ Dio ကို အသုံးပြုပြီး HTTP request ပို့နည်း၊ REST API များကို အသုံးချနည်း၊ Firebase Firestore နှင့် Supabase တို့ကို Backend အဖြစ် တပ်ဆင်အသုံးပြုနည်း၊ Auth, Storage တို့ကိုလည်း လေ့လာသွားမှာပါ။ နောက်ဆုံး မှာတော့ Flutter အတွင်း Navigation & Routing ကို အထူးပြုလေ့လာသွားမှာဖြစ်ပြီး၊ Named route, anonymous route များ၊ နှင့် Screen တစ်ခုကနေတစ်ခုကို data ပေးပို့နည်းများကိုလည်း လက်တွေ့နည်းလမ်းများဖြင့် သင်ကြားသွားမှာဖြစ်ပါတယ်။ Local Storage ကိုလဲသင်ကြားသွားမှာဖြစ်ပီး Offline Mode နှင့် Dark Mode စတဲ့ App Essential Features များကိုသင်ပေးသွားမှာဖြစ်ပါတယ်။ ပရောဂျက်အခြေခံသင်တန်းဖြစ်သောကြောင့်၊ module တစ်ခုစီအတွက် အနည်းဆုံး ပရောဂျက်တစ်ခု သို့မဟုတ် နှစ်ခုရှိမည်ဖြစ်သည်။
Myat Min
Certificate
Included as a benefit of this course
40 Days
4 - 3 Hours per day
Course Details
Duration
5 Months
Subject
Flutter Mobile Part II
Fees
54000 MMK
ဘယ်သူတွေတက်သင့်လဲ?
- အခြေခံအသိပညာဖြင့် Flutter Beginners
- အငယ်တန်း/အလယ်အလတ်အဆင့် မိုဘိုင်းဆော့ဖ်ဝဲရေးသားသူများ
- Developers များသည် Flutter သို့ပြောင်းနေသည်။
- App Development စိတ်ဝင်စားသော CS/IT ကျောင်းသားများ
- Professional Flutter Development ကို ရည်မှန်းသူတိုင်း
Course Curriculum
Module 1 :
Module 1: setState (Basic State Management)
ဤ module သည် Flutter တွင် အခြေခံ state management နည်းလမ်းဖြစ်သော setState() ကို လေ့လာသွားမည်ဖြစ်သည်။ UI တစ်ခုတွင် state ပြောင်းလဲမှုရှိသောအခါ setState() ကို အသုံးပြု၍ ဘယ်လို UI ကို ပြန်လည် update လုပ်ပေးရမည်ကို နမူနာများဖြင့်ရှင်းပြသွားမည်ဖြစ်သည်။
Module 2 :
Module 2: Provider (Introduction & Usage)
ဤ module တွင် Flutter app တစ်ခုအတွင်း Data Sharing နှင့် State Management ကို အထောက်အကူပြုသော Provider package ကို မိတ်ဆက်ပေးမည်ဖြစ်သည်။ Provider သည် scalable applications များတွင် state များကို စနစ်တကျ စီမံခန့်ခွဲရန် အသုံးဝင်ပြီး၊ context မှတစ်ဆင့် data ကို ဖြန့်ဝေပေးနိုင်သော နည်းလမ်းများကိုလည်း လေ့လာသွားမည်။
Module 3 :
Module 3: Consuming REST APIs
ဤ module တွင် REST APIs များကို Flutter application မှတစ်ဆင့် request ပေးခြင်း၊ response ကို handle လုပ်ခြင်းနှင့် JSON data များကို parsing လုပ်၍ UI တွင် ပြသနည်းများကို လေ့လာသွားမည်ဖြစ်သည်။ Dio package ကို အသုံးပြု၍ GET/POST requests များကိုလည်း လက်တွေ့ပြသပေးမည်။
Module 4 :
Module 4: GetX State-management overview and implementation
ဤ module တွင် lightweight ဖြစ်သော်လည်း ထိရောက်သော state management solution တစ်ခုဖြစ်တဲ့ GetX ကို မိတ်ဆက်ပေးမည်ဖြစ်သည်။ State Management, Route Management, Dependency Injection တို့ကို GetX ဖြင့် ဘယ်လို လုပ်ဆောင်နိုင်သည်ကို နမူနာများနှင့်အတူ လေ့လာသွားမည်ဖြစ်သည်။
Module 5 :
Module 5: Firebase Integration
ဤ module တွင် Firebase ကို Flutter application တွင် ဘယ်လိုပေါင်းစပ်အသုံးပြုရမည်ဆိုတာကို လေ့လာသွားမည်ဖြစ်သည်။ Firebase Authentication (အထူးသဖြင့် Google Sign-In) နှင့် Firestore Database တို့ကို project တစ်ခုအတွင်းအသုံးပြုခြင်းအားဖြင့် Backend လုပ်ဆောင်ချက်များကို လက်တွေ့စမ်းသပ်လေ့လာမည်ဖြစ်သည်။
Module 6 :
Module 6: Supabase as a Backend Alternative
ဤ module တွင် Firebase ၏ open-source alternative တစ်ခုဖြစ်သော Supabase ကို အသုံးပြု၍ Backend တည်ဆောက်နည်းကို လေ့လာသွားမည်ဖြစ်သည်။ Supabase database integration, authentication, နှင့် API usage တို့ကိုလည်း လက်တွေ့နည်းလမ်းများဖြင့် အသုံးပြုသွားမည်ဖြစ်သည်။
Module 7 :
Module 7: Local Storage and Offline Mode
ဤ module တွင် SharedPreferences နှင့် Hive ကဲ့သို့သော local storage solutions များကို အသုံးပြု၍ data များကို device ထဲတွင် locally သိမ်းဆည်းနည်းနှင့် offline mode ထဲတွင် data access ပြုလုပ်နည်းများကို လေ့လာသွားမည်ဖြစ်သည်။ Offline-first app design အတွက် အရေးကြီးသော concept များကိုပါ မိတ်ဆက်ပေးမည်ဖြစ်သည်။