Introduction to Game Development
Introduction to Game Development
ဒီ Unity Micro Course သည် Unity ကိုအသုံးပြုပြီး Game Development အခြေခံများကို သင်ယူလိုသူများအတွက် စတင်ရန်အကောင်းဆုံးဖြစ်ပါသည်။ Unity Hub နှင့် Unity Editor ကို install ပြုလုပ်ခြင်း၊ 3D Object များဖန်တီးခြင်း၊ Scene နှင့် Camera angle များကိုချိန်ညှိနည်း၊ Object Movement များထည့်သွင်းခြင်း နှင့် Game Screen များဖန်တီးခြင်း စတဲ့ Unity အခြေခံများကို သင်ကြားပေးမှာဖြစ်သည်။
Kaka
Certificate
Not offered with this course
0 Days
4 - 3 Hours per day
Course Details
Duration
3 Months
Subject
Introduction to Game Development
Fees
0 MMK
ဘယ်သူတွေတက်သင့်လဲ?
- ဂိမ်းဖန်တီးခြင်း၊ AR/VR နည်းပညာစတင်လေ့လာလိုသူများ
- Unity ကိုအခြေခံကတည်းက စတင်လိုသူများ
- မိမိအတွေးအမြင်ကို 2D/3D Scene အဖြစ်ဖော်ပြချင်သူများ
- အနာဂတ်မှာ Game Developer၊ XR Developer ဖြစ်ချင်သူများ
- Creative Idea များကို Interactive App အဖြစ်ဖန်တီးချင်သူများ
Course Curriculum
Module 1 :
Installation & Set up
ဒီ module မှာ Unity Hub နဲ့ Unity Editor ကို ဘယ်လို download လုပ်ရမယ်၊ install ပြုလုပ်ရမယ်ဆိုတာကို သင်ကြားပါမယ်။ Unity project အသစ်တစ်ခုကို ဘယ်လိုဖန်တီးရမယ်၊ Unity ရဲ့ interface ကို နားလည်လာအောင် အစပြုလေ့လာရမှာဖြစ်ပါတယ်။
Module 2 :
3D Objects & Movements
ဒီ module မှာ 3D objects များကို Unity ထဲမှာ ဘယ်လိုဖန်တီးရမယ်၊ နေရာပြောင်းခြင်း နဲ့ လှည့်ခြင်း (rotate) လုပ်ရမယ်ဆိုတာများကို သင်ယူပါမယ်။ ထို့အပြင် C# script အသုံးပြုပြီး အခြေခံသော အရွှေ့လှုပ်ရှားမှုများကို object များတွင် ထည့်သွင်းအသုံးပြုဖို့ လေ့လာရပါမယ်။
Module 3 :
Scenes & Game Levels
ဒီ module မှာ scene များတည်ဆောက်နည်း၊ scene တစ်ခုခြင်းစီကို game level တစ်ခုအဖြစ်အသုံးပြုပြီး စနစ်တကျစီမံခန့်ခွဲနည်းကို သင်ယူပါမယ်။ Script ဖြင့် scene တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့နိုင်ဖို့ လေ့လာပြီး Multi-Level Game တစ်ခုအတွက် အခြေခံကို သိရှိနိုင်မှာဖြစ်ပါတယ်။
Module 4 :
Main Camera & Game Screen
Game ထဲမှာ player ရဲ့မြင်ကွင်းကို ထိန်းချုပ်နိုင်ရန် Main Camera ကို ဘယ်လိုထိန်းညှိရမယ်ဆိုတာကို လေ့လာပါမယ်။ Object များကို camera နဲ့ တစ်ပြေးညီလိုက်သွားအောင်လုပ်ခြင်း၊ မျက်နှာပြင်ပေါ်မြင်ရတဲ့ view ကို ကောင်းမွန်အောင်ချိန်ညှိခြင်းနဲ့ အမျိုးမျိုးသော devices နဲ့ resolution များအတွက် optimize လုပ်နည်းများကိုလည်း လေ့လာနိုင်ပါမယ်။
Module 5 :
Material & Collect Coin
Module 5 ဖြစ်တဲ့ ဒီအပိုင်းမှာ Game object များကို ပိုမိုကောင်းမွန်တဲ့ visual ထွက်အောင် Materials အသုံးပြုနည်းကို သင်ယူပါမယ်။ ထို့နောက် Player တစ်ယောက်က coin တစ်ခုကို စုဆောင်းနိုင်မယ့် Collect Coin system တစ်ခုဖန်တီးသွားမှာဖြစ်ပြီး၊ Collision detect လုပ်နည်းနဲ့ Score update လုပ်နည်းများကို လေ့လာနိုင်ပါမယ်။